HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မုံရွာခရိုင်အတွင်း၌ ရောင်းချနေသော တရားမဝင် ဘက်ထရီ ပန့်စက်သုံးဆီဆိုင်များ အရေးယူတော့မည် ဟုဆို

မုံရွာခရိုင်အတွင်း၌ ရောင်းချနေသော  တရားမဝင် ဘက်ထရီ ပန့်စက်သုံးဆီဆိုင်များ အရေးယူတော့မည် ဟုဆို

ကလေး၊ မတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်းရှိ နေအိမ်များ၊ လမ်းဘေးနေရာများ တွင်ရောင်းချနေသော တရားမဝင် ဘက်ထရီပန့် စက်သုံးဆီဆိုင်များ ကို အရေးယူတော့မည်ဖြစ်ကြောင်း မုံရွာခရိုင်မီးသတ်ဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးညီညီ ဇော်က ပြောကြားသည်။ ယင်းကဲ့သို့ ပန့်စက်သုံးဆီဆိုင် များ ဖွင့်လှစ်ရောင်းချခြင်းမပြုရန် ရေနံအဖွဲ့ရုံး၊ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဌာန၊ စည်ပင်သာယာ ရေးကော်မတီစသော အဖွဲ့ပေါင်း စုံမှ တာဝန်ရှိသူများဖြင့်လိုက်လံ အသိပေးပြောဆိုနေကာ ကတိဝန် ခံချက်များရယူထားပြီး ဖြစ်သော ကြောင့် ဆက်လက်ရောင်းချပါ က အရေးယူသွားတော့မည်ဖြစ်သည်။

''ဘက်ထရီနဲ့ရောင်းတာဖြစ် တဲ့အတွက် ဘက်ထရီကလစ်က နေ မီးပွားထွက်ရာမှ ဆီငွေ့နဲ့တွေ့ ပြီး မီးလောင်နိုင်ခြေ အများဆုံး ဖြစ်ပွားနိုင်ပါတယ်။ ဆိုင်ကမိုဘိုင်း (ရွေ့လျား)ဆိုင်လေးတွေဖြစ်တဲ့ အတွက် သုံးဘီးဆိုက်တွဲ၊ ခွေး ဘီလူးကား၊ လိုက်ထရပ်ကားတွေ တွန်းလှည်းတွေနဲ့ တင်ရောင်း တာတွေရှိတယ်။ တစ်ခုခုဖြစ်ရင် မောင်းသွားတာ လှိမ့်လိုက်တာတွေ လုပ်ရင် မီးဘေးအန္တရာယ်ဖြစ်နိုင် လို့ မရောင်းဖို့တားမြစ်တာ''ဟု ဦးညီညီဇော်က ပြောကြားသည်။ ဘက်ထရီပန့် ဆီဆိုင်လေးများ အား အရေးယူပြီးပါက ရေသန့်ဘူး များဖြင့် ဓာတ်ဆီ၊ အောက်တိန်းဆီ ထည့်ရောင်းသော ဆိုင်များကိုလည်း သတိပေးတားမြစ်မှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း မီးသတ် ဌာနမှ သိရသည်။


''လိုင်စင်နဲ့ ရောင်းခွင့်ရရင်လည်းရောင်းချင်တယ်။ လမ်းဘေးမှာ ရေသန့်ဘူးနဲ့ ဓာတ်ဆီထည့် ပြီးရောင်းတာထက်စာရင် ဒါက အန္တရာယ်ကင်းပါတယ်။ မြို့ထဲက လူနေရပ်ကွက်တွေထဲတောင် စက်သုံးဆီဆိုင်ကြီးတွေ ဖွင့်ရောင်းနေ ကြတာပဲ''ဟု ဘက်ထရီပန့်ဖြင့် ဆီရောင်းသူတစ်ဦးက ပြောသည်။ အဆိုပါ စက်သုံးဆီဆိုင်များသည် ပန့်အား ဘက်ထရီဖြင့် မောင်းနှင်ရခြင်းဖြစ်သောကြောင့် မီးလောင်လွယ်သည့် အောက်တိန် ဆီများရောင်းချပါက ပေါက်ကွဲလွယ် တတ်ကြောင်း မီးသတ်ဌာနကပြော ကြားသည်။

KTS

#democracytoday

Rate this item
(0 votes)
back to top