HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ချင်းပြည်နယ် အစိုးရအနေဖြင့် ၂ဝ၁ -၂ဝ၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်ကို လမ်းတံတားတည်ဆောက်ရေး လုပ်ငန်းတွင် အများဆုံးအသုံးပြုသွားမည် ဟုဆို

ချင်းပြည်နယ် အစိုးရအနေဖြင့် ၂ဝ၁ -၂ဝ၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်ကို လမ်းတံတားတည်ဆောက်ရေး လုပ်ငန်းတွင် အများဆုံးအသုံးပြုသွားမည် ဟုဆို

ဟားခါး၊ မတ် ၂၂

ချင်းပြည်နယ် အစိုးရအနေဖြင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်ဘတ်ဂျက်တွင် ပြည်နယ် အတွင်း အဓိကလိုအပ်ချက်ဖြစ် သော လမ်းတံတားဆောက်လုပ် ရေးလုပ်ငန်းများတွင်အများဆုံး သုံးစွဲသွားမည်ဖြစ်ကြောင်း ချင်း ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦး စိုးထက်က ပြောသည်။

''ကျွန်တော်တို့ချင်းပြည်နယ် အနေနဲ့ လမ်းတံတားဆက်သွယ် ရေးစနစ်တွေ မကောင်းတဲ့အတွက် ဖွံ့ဖြိုးမှုနောက်ကျနေတယ်။ ကျွန် တော်တို့အနေနဲ့ ဆက်သွယ်ရေး စနစ်တွေ ကောင်းမွန်လာရင်တိုးတက်လာမှာဖြစ်ပါတယ်။ အဲဒါ ကြောင့် ပြည်ထောင်စုဘတ်ဂျက် မှာလည်း ခြောက်ဆယ်ရာနှုန်း၊ ပြည် နယ်ဘတ်ဂျက်မှာလည်း ခြောက် ဆယ်ရာနှုန်းကို လမ်းပန်းဆက် သွယ်ရေးမှာ အသုံးပြုနေရပါတယ်။ နှစ်စဉ်ငွေကျပ် ဘီလီယံတစ်ရာ လောက်ကို လမ်းအတွက်အသုံးပြု တယ်။ အခုနှစ်ဆိုရင်ကျေးလက် လမ်းတွေ ဖောက်လုပ်တယ်။ မိန်း လမ်းမကြီးတွေ အဆင့်မြှင့်တင် ဆောင်ရွက်တယ်။ ဒါတောင်လမ်း မပေါက်သေးတဲ့ ကျေးရွာတွေရှိ နေသေးတယ်။ လမ်းမကောင်းတဲ့ အခါ ဒေသခံတွေ ဒုက္ခရောက်နေ ကြရတယ်''ဟု ၎င်းကပြောသည်။


ချင်းပြည်နယ်၏ ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာရေးနှစ်ဘတ်ဂျက် အသုံးစရိတ်မှာ ငွေကျပ်၁၄၄၈၉၆ သန်းဝန်းကျင်ဖြစ်ပြီး လမ်းတံတား ဆောက်လုပ်ရေး လုပ်ငန်းများအ တွက် ၆၁ရာနှုန်းအထိ အသုံးပြုရန် လျာထားသည်။ ယခုချင်းပြည်နယ်တွင် အသုံး ပြုနေသည် နှစ်စဉ်ဘတ်ဂျက်ငွေ နှစ်မျိုးရှိပြီး ယခုနှစ်အတွက် ပြည် နယ်ဘတ်ဂျက်တွင် ငွေကျပ်သန်း ၆၇ဝ၅ဝ နှင့်ပြည်ထောင်စု ဘတ်ဂျက် မှချပေးငွေမှာ ကျပ် ၂၈၉၄၅ သန်း ဖြစ်ကြောင်း သိရသည်။

MOS

#democracytoday

Rate this item
(0 votes)
back to top