HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မန္တလေးမြို့၌ ဟိန္ဒူရိုးရာ ရောင်စုံသင်္ကြန် ရေကစားပွဲတော် ကျင်းပ

မန္တလေးမြို့၌ ဟိန္ဒူရိုးရာ ရောင်စုံသင်္ကြန် ရေကစားပွဲတော် ကျင်းပ

မန္တလေး၊ မတ် ၂၂ 

Mandalay Hindu Holi Festival 2019  ဟိန္ဒူရိုးရာ ရောင်စုံသင်္ကြန်ရေက စားပွဲတော်ကို မတ် ၂၁ ရက် ညနေပိုင်းမှစတင်၍ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ၂၂ လမ်း၊ ၈၂x၈၃ လမ်းကြားရှိ စံရီးအမ်ဘီကာမယ် တော်ကြီးကျောင်းဝင်း၌ ကျင်းပကြောင်းသိရသည်။

ဟိုလီရောင်စုံသင်္ကြန် ရေကစားပွဲတော်သည် နွေဦးကာလကို ကြိုဆိုသောအားဖြင့် မန္တလေးမြို့မှ ဟိန္ဒူလူမျိုးများက ရောင်စုံသင်္ကြန် ရေကစားပွဲတော် အဖြစ် ရိုးရာယဉ်ကျေးမှု၊ ချစ်ကြည်မှုကို အခြေခံ ကာ ယဉ်ကျေးပျူငှာစွာ စုပေါင်းပါဝင်ကျင်းပကြခြင်း ဖြစ်သည်။

 

ယခုနှစ် ဟိန္ဒူရိုးရာ ဟိုလီသင်္ကြန်ရေကစားပွဲ တော်တွင် တစ်ဦးနှင့်တစ်ဦးအပြန်အလှန် မျက်နှာ ရောင်စုံမှုန့်ခြယ်သခြင်း၊ ရေ ကစားခြင်းနှင့်အတူ မြူြး<ွက စွာဆင်နွှဲနိုင်ရန် DJ ဖျော် ဖြေပွဲဖြင့်ပြုလုပ်ကြပြီး နှစ် စဉ် တပေါင်းလပြည့်ကျော် တစ်ရက်နေ့ရောက်တိုင်း ဟိုလီရောင်စုံသင်္ကြန်ပွဲ တော်ကို စတုဒိသာကျွေးမွေး ခြင်းများဖြင့် ကျင်းပရာ မန္တလေးမြို့မှ ဟိန္ဒူလူမျိုး မိသားစုဝင်များနှင့် ဂေါရခါး လူမျိုးများ ပျော်ရွှင်စွာပါဝင် ဆင်နွှဲကြကြောင်း သိရသည်။

DW

#democracytoday

Rate this item
(0 votes)
back to top