HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မန်းလမ်းလျှောက်သင်္ကြန် နိုင်ငံတကာ သံတမန်များနှင့် ကုလတာဝန်ရှိသူများ တက်ရောက် ဆင်နွှဲမည်

မန်းလမ်းလျှောက်သင်္ကြန် နိုင်ငံတကာ သံတမန်များနှင့် ကုလတာဝန်ရှိသူများ တက်ရောက် ဆင်နွှဲမည်

မန္တလေး၊ ဧပြီ ၉

မန္တလေးမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ နိုင်ငံတကာသံတမန်များနှင့် ကုလအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ဆင်နွှဲရန် ပထမဆုံးအကြိမ်အဖြစ် ဖိတ်ကြားထား ကြောင်းသိရသည်။ ''ရန်ကုန်မှာတော့ နှစ်စဉ် တော့ ဖိတ်ပါတယ်။ မန္တလေးမှာ ပါဝင်ဆင်နွှဲဖို့ဖိတ်တာတော့ ပထမဆုံးအကြိမ်လို့ ပြောလို့ရပါတယ်'' ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင် ကျော်ဇံက ဒီမိုကရေစီတူဒေးသို့ ဧပြီ ၉ ရက်တွင်ပြောသည်။ သက်ဆိုင်ရာ သံရုံးအသီးသီးသို့ ဖိတ်ကြားစာများပို့ထားပြီး တက် ရောက်ဆင်နွှဲမည့် သံတမန်များ စာရင်းကို သံတမန်ရေးရာဦးစီးဌာနမှ ကောက်ခံလျက်ရှိကြောင်း ၎င်းကဆိုသည်။

မန္တလေးသင်္ကြန်ဖြစ်မြောက်ရေးကော်မတီအနေဖြင့် နိုင်ငံတကာမှ သံတမန်များ မန္တလေးလမ်း လျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲနိုင်ရန်အတွက် သင်္ကြန်ကျင်းပရေး ကော်မတီက ရေကစားမဏ္ဍပ်များ စီစဉ်ပေးထားပြီး တိုင်းရင်းသားသင်္ကြန်၊ ယိမ်းအက၊ အလှပြယာဉ် နှင့် သံချပ်တို့ကို ကြည့်ရှုနိုင်ရန်လည်း စီစဉ်ပေးထားကြောင်းသိရသည်။ ''မန္တလေးမြို့ရဲ့လမ်းလျှောက် သင်္ကြန်ပွဲတော်ကို နိုင်ငံတကာ သံရုံးတွေက သံတမန်တွေ၊ စစ်သံမှူး တွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းဝင် တွေဟာ သင်္ကြန်အကြိုနေ့နဲ့ အကျ နေ့တွေမှာ အနည်းဆုံး နှစ်ရက် တာ ပါဝင်ဆင်နွှဲသွားမှာပါ''ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်း မြင့်က ပြောသည်။


ယခုနှစ် မန္တလေးသင်္ကြန်တွင် ထူးခြားမှုအဖြစ် ယိမ်းအကပြိုင်ပွဲများ ထည့်သွင်းထားသည့်အတွက် ရပ်ကွက်များအလိုက် ယိမ်းအကအဖွဲ့ အနည်းဆုံး အဖွဲ့ ၂ဝ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်ထောင်စု တိုင်းရင်းသားသင်္ကြန်ကိုလည်း မနော်ရမ္မံကွင်းတွင် ကျင်းပမည် ဖြစ်ကြောင်းသိရသည်။ မန္တလေးမြို့၏ လမ်းလျှောက်သင်္ကြန်ကို ကျုံးတောင်ဘက်ခြမ်း (၂၆)လမ်းမပေါ်တွင် ပြုလုပ်မည် ဖြစ်ကာ၊ ကျုံးအရှေ့ခြမ်း (၆၆)လမ်းတွင် လမ်းလျှောက်သင်္ကြန်နှင့် တောသင်္ကြန်ညဈေးတို့ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

NT, MTK

#democracytoday

Rate this item
(0 votes)
back to top