HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မြိတ်မြို့၌ မဟာသင်္ကြန်မဏ္ဍပ် ဆောက်လုပ်သူများပြားပြီး ရေကစားလက်မှတ် ဝယ်ယူသူ ယခင်နှစ်ကထက် များပြား

မြိတ်မြို့၌ မဟာသင်္ကြန်မဏ္ဍပ် ဆောက်လုပ်သူများပြားပြီး ရေကစားလက်မှတ် ဝယ်ယူသူ ယခင်နှစ်ကထက် များပြား

မြိတ်၊ ဧပြီ ၉

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့၌ မဟာသင်္ကြန် ပွဲဆင်နွှဲရန် မဏ္ဍပ်ဆောက်လုပ်မှု များများပြားပြီး ရေကစားလက်မှတ်များ ဝယ်ယူသူများ ယခင်နှစ်ကထက် ပိုမိုများပြားလာကြောင်းသိရသည်။ မြိတ်မြို့တွင် ပေ ၃ဝ အထက် မဟာသင်္ကြန်ရေကစားမဏ္ဍပ် ၁၂ ခုကျော်နှင့်ရေကစားမဏ္ဍပ် အလတ်၊ အသေး ၂ဝ ကျော်ကို ဆောက်လုပ်ခွင့်ပြုထားပြီး မဏ္ဍပ်များကို မတ်လ စတုတ္ထပတ်မှစတင်၍ တစ်ပြိုင်တည်း စတင်ဆောက်လုပ် နေကြသည်။

သင်္ကြန်မဏ္ဍပ်ရေကစားခွင့် လက်မှတ်များကို သက်ဆိုင်ရာရပ် ကွက်များမှ မဏ္ဍပ်များတွင် အပြိုင်အဆိုင်ရောင်းချနေရာ တစ်ရက် ရေကစားပါက ငွေကျပ် ၁ဝဝဝဝ မှ ၁၅ဝဝဝ အထိရှိပြီး လေးရက် ရေကစားပါက ငွေကျပ် ၄၅ဝဝဝ ဖြင့် ရောင်းချလျက်ရှိရာ တစ်ရက်ထက်တစ်ရက် ဝယ်ယူသူများပြားလျက်ရှိသည်။ ''သူငယ်ချင်းတွေစုပေါင်းပြီး မဏ္ဍပ်ကြီးဆောက်ရေကစားတာပါ။ မဏ္ဍပ်ဆောက်တာက ငွေကျပ်သိန်း ၁ဝဝ ရှိတယ်။ ကျွန်တော်တို့က ငွေကြေးကို အဓိကမထားပါဘူး။ လူငယ်တွေစည်းစည်းလုံးလုံးနဲ့ နှစ် ကူးမှာ အေးအေးချမ်းချမ်းပျော်ပျော် ရွှင်ရွှင်နဲ့ရေကစားဖို့ပါ။''ဟု မြိတ်မြို့မှ CRUSH   ရေကစားမဏ္ဍပ်စီစဉ်သူ ကိုမင်းခန့်လူကပြောသည်။


ယခုနှစ်မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက် ညနေပိုင်းတွင် ကန်ဖျားရပ်ကွက် ကန်ဖျားလမ်းမကြီးပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသွားမည်ဖြစ်ပြီး ဆုပေး ပွဲနှင့်ပိတ်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက်ညနေပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း မဟာသင်္ကြန် ပွဲတော် ကျင်းပရေးကော်မတီထံမှ သိရသည်။

MN

#democracytoday

Rate this item
(0 votes)
back to top