HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မန်းသင်္ကြန်ပွဲတော် ရက်များအတွင်း ကျုံးအနောက်ဘက်လမ်းနှင့် ၂၇ လမ်းတို့ကို တစ်လမ်းမောင်းအဖြစ် သတ်မှတ်သွားမည်

မန်းသင်္ကြန်ပွဲတော် ရက်များအတွင်း ကျုံးအနောက်ဘက်လမ်းနှင့် ၂၇ လမ်းတို့ကို တစ်လမ်းမောင်းအဖြစ် သတ်မှတ်သွားမည်

မန္တလေး၊ ဧပြီ ၉

၂ဝ၁၉ ခုနှစ်၊ မန္တလေးမြို့၊ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်သွားလာမှု အဆင်ပြေစေရေးအတွက် ကျုံး အနောက်ဘက် လမ်း ၈ဝနှင့် ကျုံး တောင်ဘက်နှင့် ဆက်စပ်နေသည့် ၂၇ လမ်းတို့ကို တစ်လမ်းမောင်း အဖြစ် သတ်မှတ်သွားမည်ဖြစ်ပြီး ရေပက်ခံထွက်မည့် ယာဉ်များလိုက်နာရမည့် စည်းကမ်းချက်များကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဧပြီ ၉ ရက်တွင် ထုတ်ပြန်အသိ ပေးလိုက်ကြောင်း သိရသည်။ 

''အခု တစ်လမ်းမောင်းအဖြစ် သတ်မှတ်သွားမယ့်လမ်းတွေရဲ့ဘေး ဝဲယာတစ်လျှောက်မှာ ယာဉ်ရပ်နား ခွင့်လည်းမရှိပါဘူး။ ရေပက်ခံယာဉ်တွေ ဖျော်ဖြေရေးမဏ္ဍပ်တွေ ရှေ့မှာ အချိန်အကြာကြီးပိတ်ရပ်တာမျိုး မရှိစေဖို့အတွက် ယာဉ်ထိန်း ရဲတပ်ဖွဲ့တွေကနေ ယာဉ်ကြော ရှင်းလင်းပေးသွားမှာဖြစ်ပြီး ယာဉ် ကြောပိတ်ဆို့မှုကို ဖြစ်ပွားစေတဲ့ ယာဉ်တွေကို ကရိန်းယာဉ် အသုံးပြု ပြီးတော့ ဖယ်ရှားရှင်းလင်းသွား မှာပါ။ ယာဉ်နဲ့ ဆိုင်ကယ်တွေမှာ အိတ်ဇောကိုဖြုတ်တာတို့၊ အိတ်ဇော ကိုပြုပြင်တာတို့လုပ်ပြီး စက်သံဆူ ညံစွာ မောင်းနှင်တဲ့ ဆိုင်ကယ်တွေကို ပွဲတော်ကာလအတွင်းမှာ ခေတ္တထိန်း သိမ်းထားမှာပါ''ဟု မြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဦးကျော်ဇော အောင်က ဧပြီ ၉ ရက်တွင် ပြောသည်။

 

သင်္ကြန်ပွဲတော်ရက်များအတွင်း ကျုံးတောင်ဘက်နှင့် ကျုံးအရှေ့ဘက် လမ်းလျှောက်သင်္ကြန်နှင့် ကျုံးအရှေ့ဘက်ရှိ တောသင်္ကြန် နေ့ညဈေးတန်း တို့သို့ လာရောက်သည့်ယာဉ်များ အနေဖြင့် ကျုံးအနောက်ဘက် (လမ်း ၈ဝ)၊ ၂၆ လမ်းမှ ၁၂ လမ်းအထိကို တောင်မှမြောက်သို့ တစ်လမ်းမောင်း အဖြစ်လည်းကောင်း၊ ၂၇လမ်း၊ ၆၆ လမ်းမှ ၇၈ လမ်းအထိကို အရှေ့မှ အနောက်သို့ တစ်လမ်းမောင်းအဖြစ် လည်းကောင်း၊ ကျုံးတောင်ဘက် (၂၆လမ်း)၊ ၇၈ လမ်းမှ လမ်း ၈ဝ အ ထိနှင့် ကျုံးမြောက်ဘက်(၁၂ လမ်း)၊ ၆၆ လမ်းမှ လမ်း ၈ဝအထိတို့ကိုနှစ်လမ်းမောင်းများအဖြစ် မောင်း နှင်သွားလာနိုင်မည်ဖြစ်ပြီး လမ်း ပြောင်းပြန်မောင်းနှင်သည့် ယာဉ် များကို ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်ပူးပေါင်းဖမ်းဆီးမည်ဖြစ်ကြောင်း သိရသည်။


မဟာသင်္ကြန်ပွဲတော်ကာလတွင် ရေပက်ခံထွက်မည့် ယာဉ် မောင်းသူများ မူးယစ်သောက်စား၍ မမောင်းရန်၊ယာဉ်နံပါတ် ပြားမပါရှိဘဲ မမောင်းရန်၊ ယာဉ် တွင် နိုင်ငံတော်အလံ၊ တခြားနိုင်ငံအလံများနှင့် တံဆိပ်များတပ်ဆင်၍ မောင်းနှင်ခြင်းမပြုရန်၊ ညစ်ညမ်း သောစာသားများ၊ ဆိုင်းဘုတ်၊ ပန်းချီ၊ ရုပ်ပုံနှင့် တခြားမသင့်လျော် သော ပစ္စည်းများချိတ်ဆွဲ၍ မောင်းနှင် ခြင်းမပြုရန်၊ ယာဉ်အိုယာဉ်ဟောင်းများ၊ ကြံ့ခိုင်မှုမရှိသော ယာဉ်များ၊ ပြုပြင်ဆဲယာဉ်များ၊ ထော်လာဂျီများ၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ် ဘေးတွဲယာဉ်တို့ဖြင့်လည်ပတ်ခြင်း မပြုလုပ်ရန်စသည့် စည်းကမ်းချက်များကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားကြောင်း သိရသည်။

KSA

#democracytoday

Rate this item
(0 votes)
back to top