HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

အောင်လံမြို့ မဟာသင်္ကြန်တွင် လိုင်စင်မဲ့ အရက်ဆိုင်များနှင့် ကာမဆေး ရောင်းချသူများကို စစ်ဆေး အရေးယူမည်

အောင်လံမြို့ မဟာသင်္ကြန်တွင် လိုင်စင်မဲ့  အရက်ဆိုင်များနှင့် ကာမဆေး ရောင်းချသူများကို စစ်ဆေး အရေးယူမည်

အောင်လံ၊ ဧပြီ ၁ဝ 

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် အောင်လံ မြို့မဟာသင်္ကြန်ရေသဘင်ပွဲတော် ကာလအတွင်း ခိုက်ရန်မဖြစ်ပွား စေရေးအတွက် မြန်မာနိုင်ငံရဲတပ် ဖွဲ့မှ လိုင်စင်မဲ့ အရက်ဆိုင်များနှင့် ကာမဆေးရောင်းချသူများကို စစ် ဆေးအရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ သိရသည်။

''မဟာသင်္ကြန်ကာလအတွင်းမှာ ခိုက်ရန်ဖြစ်ပွားမှု မရှိစေဖို့ မှုခင်းကျဆင်းရေးအတွက် မဟာသင်္ကြန်ပွဲတော်ရက် မတိုင်ခင်ကတည်းက ခိုက်ရန်ဖြစ်ပွားမှုမရှိစေရေးအတွက် အရက်ဆိုင်တွေကို လိုင်စင်ရှိ၊မရှိ သတ်မှတ်စည်းကမ်းတွေနဲ့ ရောင်း ချခြင်းရှိ၊ မရှိ စစ်ဆေးမှာပါ။ ကာမ ဆေးဝါးများ ရောင်းချနေမှု ရှိ၊ မရှိကိုလည်း စစ်ဆေးမှုတွေလုပ် ပြီး တွေ့ရှိပါက ဥပဒေအရအရေးယူမှာပါ'' ဟုအောင်လံမြို့နယ်ရဲ တပ်ဖွဲ့ စခန်းမှူး ဒုရဲမှူး စိုးညွန့်ဦးက ပြောကြားသည်။

အောင်လံမြို့ပေါ်တွင် ခွင့်ပြု မဟာသင်္ကြန်ရေကစားမဏ္ဍပ် ခုနစ် ခုရှိပြီး ဗဟိုမဏ္ဍပ်တွင် မြို့နယ်ရဲ တပ်ဖွဲ့စခန်းမှူးနှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၁ဝ ဦး လုံခြုံရေးတာ ဝန်များထမ်းဆောင်မည်ဖြစ်ကာ မြို့မြောက်ဘက်ခြမ်းနှင့်တောင်ဘက် ခြမ်း ရပ်ကွက်များရှိ ရေကစားမဏ္ဍပ် များကို မြို့နယ်ရဲတပ်ဖွဲ့အရာရှိ တစ်ဦး အခြားအဆင့် ၁ဝ ဦးစီနှင့် စုစုပေါင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၃၃ ဦးက လှည့်ကင်းမော်တော်ယာဉ် နှင့်လုံခြုံရေးဆောင်ရွက်မည်ဖြစ်ကာ ညပိုင်းတွင်လည်း လုံခြုံရေး တာဝန်ထမ်းဆောင်မည်ဖြစ်သည်။


''အခုပြိုင်ပွဲဝင်ယိမ်းအဖွဲ့စာရင်း ပေးတာ ၁၄ သင်းရှိပါပြီ။ ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆုကျပ် သုံးသိန်းနဲ့ တတိယကျပ်နှစ်သိန်း နဲ့ နှစ်သိမ့်ဆုတွေပေးမှာပါ။ ရေရ ရှိရေးအတွက် ရေကစားချိန်မှာ အဆင်ပြေအောင်ဆောင်ရွက်နေ ပါတယ်'' ဟုမြို့နယ်စည်ပင်သာယာ ရေးအမှုဆောင်အရာရှိ ဦးမြလင်းက ပြောကြားသည်။


အောင်လံမြို့ရေသဘင်ပွဲ တော် ဗဟိုမဏ္ဍပ်ကို တရော်ကုန်း ရပ်ကွက်ပြည်လမ်းမဘေးရွှေပြောင် ပြောင်ဘုရားလမ်းထိပ်၌ စတင် ဆောက်လုပ်နေပြီး မြို့ပေါ်ကိုးရပ် ကွက်မှ ရပ်ကွက်အလိုက်ယိမ်းများ နှင့် ဌာနဆိုင်ရာယိမ်းအဖွဲ့များ စုစုပေါင်း ၁၄ ယိမ်းပါဝင်မည်ဖြစ် ကြောင်း သိရသည်။ 

HT(AL)

#democracytoday

Rate this item
(0 votes)
back to top