HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

တမူးမြို့တွင် လမ်းလျှောက်သင်္ကြန်ပွဲတော် ထည့်သွင်းကျင်းပမည်

တမူးမြို့တွင် လမ်းလျှောက်သင်္ကြန်ပွဲတော် ထည့်သွင်းကျင်းပမည်

တမူး၊ ဧပြီ ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့၌ကျင်းပမည့် မဟာသင်္ကြန်ပွဲတော်တွင် ပထမဆုံးအကြိမ်အဖြစ် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ တမူးမြို့ သင်္ကြန်ပွဲတော်ကို သင်္ကြန် အကျ၊ အကြတ်၊ အတက်နေ့များတွင် လမ်း လျှောက်သင်္ကြန်အား ဗိုလ်ချုပ်လမ်း KBZ ဘဏ်ရှေ့မှ ဝင်းပြည့်ဖြိုးလမ်းဆုံအထိဗိုလ်ချုပ် လမ်းတစ်လျှောက်၌ ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်ခုနစ်ခုဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုသင်္ကြန်အဖြစ် ရေလောင်း၊ ရေပက်ကစားကြမည်ဖြစ်ပြီး ညပိုင်းတွင် မြို့ပေါ်ရပ်ကွက်လေးခုနှင့် ပန်းသာကျေးရွာမှ လှပျိုဖြူများက ဗဟိုမဏ္ဍပ်၌သင်္ကြန်ယိမ်းအက ဖြင့် ဧည့်ခံဖျော်ဖြေကြမည်ဖြစ်သည်။

သင်္ကြန်ပွဲတော်ကို အာရှလမ်း၊ အလောင်းဘုရားလမ်း၊ အောင်မင်္ဂလာ လမ်းမပေါ်များတွင် ရပ်ကွက်ကြီး လေး ရပ်ကွက်မှ ရေကစားမဏ္ဍပ် ခြောက်ခု ဆောက်လုပ်သွားမည်ဖြစ်ပြီး ဗိုလ်ချုပ်လမ်းတစ်လျှောက်မှ ရေသဘင်ပွဲတော်ဖြစ် မြောက်ရေးကော်မတီမှ ရောင်စုံထီးအလက် ၄၅ဝ ဖြင့် လမ်းတစ်လျှောက်မှာ ဆင်ယင် ချိတ်ဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။


တမူးမြို့ မဟာသင်္ကြန်ပွဲတော်ကြီးတွင် ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပပေးမည့် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့တစ်ဖက်နိုင်ငံ မိုးရေးမြို့မှ နှစ်စဉ်နှစ်တိုင်းလာ ရောက်လည်ပတ်ကြပြီး ယခုနှစ်မဟာသင်္ကြန် ပွဲတော်တွင်လည်း မိုးရေးမြို့မှပြည်သူများနှင့် တမူးမြို့ပေါ်နှင့်အနီးဝန်းကျင်ရှိ မြို့/ ရွာများမှ လာရောက်ပါဝင်ဆင်နွှဲကြမည် ဖြစ်သဖြင့် ယခင်နှစ်များထက်ပိုမိုစည်ကား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်း ကပြောသည်။

MW

#democracytoday

Rate this item
(0 votes)
back to top