HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ပြည်သူများ အမှိုက် စည်းကမ်းရှိစွာစွန့်ပစ်နိုင်ရန် သင်္ကြန်ကာလမှ စတင်၍ မကွေးမြို့ပေါ်အနှံ့၌ အမှိုက်ပုံးများ ချပေးသွားမည်

ပြည်သူများ အမှိုက် စည်းကမ်းရှိစွာစွန့်ပစ်နိုင်ရန် သင်္ကြန်ကာလမှ စတင်၍ မကွေးမြို့ပေါ်အနှံ့၌ အမှိုက်ပုံးများ ချပေးသွားမည်

မကွေး၊ ဧပြီ ၁ဝ

အမှိုက်များကို စနစ်တကျစည်းကမ်းရှိစွာ စွန့်ပစ်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး မကွေးမြို့ပေါ်နေရာအနှံ့၌ အမှိုက်ပုံးများချထားပေးသွားမည် ဖြစ်ကြောင်း မကွေးမြို့နယ်စည်ပင် သာယာရေးကော်မတီမှသိရသည်။ ပြည်သူများအနေဖြင့် မြို့တွင်း လမ်းများပေါ်သွားလာကြရင်း အမှိုက် စွန့်ပစ်ရန်လိုအပ်လာသည့်အခါ၌ စည်းကမ်းရှိစွာ စွန့်ပစ်နိုင်ရန်အတွက် လမ်းမများ၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ၌ သင်္ကြန် ကာလအတွင်း အမှိုက်ပုံးများ ချ ထားပေးသွားမည်ဖြစ်ပြီး သင်္ကြန် ပွဲတော်ပြီးပါက လမ်းမများဘေးနှင့် ဆေးရုံ၊ ဌာနဆိုင်ရာ၊ စာသင်ကျောင်း စသည့် Public Area များတွင်ချ ထားပေးမည်ဖြစ်သည်။

အမှိုက်ပုံးတစ်ပုံးလျှင် ၁၇ ဂါလန်ဆံ့ပြီး အမြင့်နှစ်ပေခွဲ၊ အကျယ်တစ်ပေခွဲခန့်ရှိ သံထည်အမှိုက်ပုံးများကို နှမ်းအမှုန့်ထုတ်စက်ရုံပိုင် ရှင်ဦးဖိုးနီနှင့် ကိုရီးယားလုပ်ငန်းရှင်တစ်ဦးက အမှိုက်ပုံး ၈ဝ၊ စည်ပင် ကော်မတီမှ ပုံး ၂ဝ၊ နီနီအီလက် ထရွန်နစ်မှ ပုံး ၂ဝ နှင့် နှင်းဝေမိ သားစုမှ ပုံး၁ဝ၊ စုစုပေါင်း အမှိုက်ပုံး ၁၃ဝ အလှူခံရရှိထားပြီး အမှိုက် ပုံးတစ်ပုံးလျှင် ငွေကျပ် ၇၅ဝဝ နှုန်းဖြင့် လှူဒါန်းနိုင်သည်။


''နဂိုက လမ်းပေါ်အမှိုက်ပစ်တဲ့သူက ပစ်တယ်။ စည်ပင်ကလှည်းတယ်။ ကျုံးတယ်။ အမှိုက်ကျင်းကို သွားပစ်ရတယ်။ ခုအနေအထားက အမှိုက်မပစ်ရလို့ စည်းကမ်းမထုတ်ခင်မှာ အမှိုက်ပစ်လို့ ရတဲ့နေရာ လုပ်ပေးတဲ့သဘောဖြစ် ပါတယ်။ စည်းကမ်းရှိချင်သူတွေ အတွက် စည်းကမ်းရှိလို့ရအောင် ဖန်တီးပေးမှုတစ်ခုလည်း ဖြစ်ပါတယ်''ဟု မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဖိုးနီက ပြောကြားသည်။ ပြည်သူများလာရောက်စွန့်ပစ် ထားသောအမှိုက်များကို ဟိုက်ဒရောလစ်အမှိုက်သိမ်းယာဉ်ဖြင့် တစ်ပတ်လျှင် နှစ်ကြိမ် သိမ်းဆည်းပေးသွား မည်ဖြစ်ကြောင်း သိရသည်။ 

ZZ

#democracytoday

Rate this item
(0 votes)
back to top