HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ကလေး-ကလေးဝ-တမူးလမ်းမပေါ်ရှိ တံတားများ တည်ဆောက်ရေးလုပ်ငန်း ယာယီရပ်နားထားသည့် အတွက် သွားလာမှု အခက်ကြုံနေ

ကလေး-ကလေးဝ-တမူးလမ်းမပေါ်ရှိ တံတားများ တည်ဆောက်ရေးလုပ်ငန်း  ယာယီရပ်နားထားသည့် အတွက် သွားလာမှု အခက်ကြုံနေ

ကလေး၊ ဧပြီ ၂ဝ

စစ်ကိုင်းတိုင်း ဒေသကြီး ကလေး-ကလေးဝ-တမူးအကြား ကားလမ်းမပေါ်ရှိ ဒုတိယကမ္ဘာစစ်ကာလ၌ စတင် တည်ဆောက်အသုံးပြုခဲ့သည့် တံတားများကို ပြီးခဲ့သည့်နှစ်များ က အိန္ဒိယနိုင်ငံဘက်မှ တာဝန်ယူ တည်ဆောက်ပေးရန် စီစဉ်မှုများ၊ တိုင်းတာမှုများရှိခဲ့သော်လည်း ယခုအခါ ယာယီရပ်နားထားမှု ကြောင့် နယ်စပ်ကုန်စည်ပို့ဆောင်ရေး တွင် အခက်အခဲရှိနေကြောင်း အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးကို ကိုနိုင်က ဧပြီ ၁၉ ရက်တွင် ပြောကြား သည်။ 

''တင်ဒါအောင်တဲ့ကုမ္ပဏီနဲ့ အိန္ဒိယအစိုးရတို့ အဆင်မပြေဖြစ် တယ်လို့ကြားတယ်။ နောက်ကုမ္ပဏီ တစ်ခုပြောင်းပြီး ဆောင်ရွက်ဖို့ပြင် ဆင်နေတယ်လို့ ကြားရပါတယ်။ ကျွန်တော်တို့ဒေသအနေနဲ့ အခု လိုတံတားတွေ အဆင်မပြေဖြစ်လာ ပြီး ခရီးသွားပြည်သူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် အခု ကျွန်တော် သက်ဆိုင်ရာဝန် ကြီးဌာနကို မေးမြန်းတင်ပြမှုတွေ ဆောင်ရွက်နေပါတယ်။ လာမယ့် လွှတ်တော်မှာ မေးဖို့ရာလည်း အစီအစဉ်ရှိပါတယ်''ဟု ဦးကိုကိုနိုင် က ပြောသည်။

 

''အိန္ဒိယဘက်က ဘယ်တော့ ပြန်စမယ်ဆိုတာ မသိသေးဘူး။ လတ် တလောအခြေအနေတော့ ကလေး- ကလေးဝ-တမူးနယ်စပ်ကုန်စည်ပို့ ဆောင်ရေး သွားရေးလာရေးက တော့ အတော့ကိုခက်နေတယ်။ သစ် သားကြမ်းခင်းတံတားတွေက အတော် ဆိုးနေတယ်။ ဒေသန္တရအစီအစဉ် နဲ့ ဖြေရှင်းဖို့ ဝန်ကြီးချုပ်ကိုတင် ပြထားတယ်''ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမောင်မောင် လတ်က ပြောသည်။


အဆိုပါ ကလေး-ကလေးဝ- တမူးနယ်စပ်သွား ကားလမ်းမကြီး ပေါ်ရှိတံတား ၆၉ စင်းကို အိန္ဒိယ နိုင်ငံမှဆောက်လုပ်ရန် ၂ဝ၁၇ခုနှစ် မှ စတင်ခဲ့ခြင်းဖြစ်ရာ လာမည့် ၂ဝ၂ဝ ပြည့်နှစ်အထိ သုံးနှစ်အတွင်း အပြီး တည်ဆောက်မည်ဖြစ်ပြီး ကလေး-ကလေးဝ-တမူးနယ်စပ် သွား ကားလမ်းမပေါ်တွင် ပေ ၃ဝဝ အထက် ရှည်လျားသည့်တံတား ၁ဝ စင်းနှင့် တံတားအစင်းပေါင်း ရာချီရှိကြောင်း သိရသည်။

MOS

#democracytoday

Rate this item
(0 votes)
back to top