HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဗန်းမော်မြို့၌ ဂျပန်အစိုးရနှင့် ပြည်သူများလှူဒါန်းသည့် ကျောင်းဆောင်သစ် လွှဲပြောင်း

ဗန်းမော်မြို့၌ ဂျပန်အစိုးရနှင့် ပြည်သူများလှူဒါန်းသည့် ကျောင်းဆောင်သစ် လွှဲပြောင်း

ဗန်းမော်၊ ဧပြီ ၂၂

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဂျပန်အစိုးရနှင့် ဂျပန်ပြည်သူများက လှူဒါန်းသည့် ကျောင်းဆောင်သစ်လွှဲပြောင်း ပေးအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၂ ရက် နံနက် ၁ဝ နာရီက အမှတ် (၃) အခြေခံပညာအထက် တန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ တတိယအတွင်းဝန် မစ္စအယာနိုဆူဇူကီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီးစိုးလှိုင်၊ ခရိုင်ပညာရေးမှူး ဦးကျော်သူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာများပက်ဖျန်းပေးကြသည်။

ဆက်လက်၍ ပြည်နယ်လွှတ် တော် ဥက္ကဋ္ဌဦးထွန်းတင်၊ တတိယအတွင်းဝန် မစ္စအယာနိုဆူဇူကီးတို့ က အမှာစကားပြောကြားခဲ့ကြပြီး ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများနှင့် ဂျပန်- မြန်မာချစ်ကြည်ရေးအမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း၊ ကျောင်းဆောင်သစ်အား လှည့်လည် ကြည့်ရှုခြင်း၊ မစ္စအယာနိုဆူဇူကီးက ကျောင်းသားကျောင်းသူများအား ဂျပန်နိုင်ငံအကြောင်း မြန်မာဘာသာ စကားဖြင့် ရှင်းလင်းပြောကြားခြင်း များကို အစီအစဉ်အတိုင်း ပြုလုပ်ခဲ့သည်။


''မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍကို ထောက်ပံ့ကူညီခဲ့ရာမှာ ယခုအချိန်ထိ ကျောင်းပေါင်း ၄၅ဝခန့်မှာ ကျောင်း ဆောင်သစ်များ ဆောက်လုပ်ခြင်းနဲ့ ပြုလုပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ JICA အဖွဲ့ကနေတစ်ဆင့် မူလတန်းအဆင့် သင်ရိုးညွှန်းတမ်းအသစ်နဲ့ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေ ပေါ်ထွက်လာစေဖို့ ထောက်ပံ့ကူညီ ပေးလျက်ရှိပါတယ်''ဟုမစ္စအယာ နိုဆူဇူကီးက ပြောသည်။


ဂျပန်အစိုးရနှင့် ဂျပန်ပြည်သူများ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၂ဝဝ၇ဝ၅ ဖြင့် ၂ဝ၁၈ ခုနှစ် မတ်လတွင် စတင်တည်ဆောက်ခဲ့သော တစ်ခန်း ကျောင်းသားကျောင်းသူ ၅ဝ ဆံ့ စာသင်ခန်း ၁ဝခန်းပါ အလျား ၁၆၂ ပေ အနံပေ ၃ဝ နှစ် ထပ်အာရ်စီ အလယ်တန်းအဆင့် ကျောင်းဆောင်သစ်ကြီးကို လွှဲပြောင်း ပေးအပ်ခြင်းဖြစ်သည်။ 

MTH

#democracytoday

Rate this item
(0 votes)
back to top