HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မြဝတီမြို့ ရွှေမြစန္ဒီမြို့သစ် စီမံကိန်း၌ နေအိမ်အဖျက်ခံခဲ့ရသော ပြည်သူ ၃ဝဝ ကျော် ဆန္ဒထုတ်ဖော်

မြဝတီမြို့ ရွှေမြစန္ဒီမြို့သစ် စီမံကိန်း၌ နေအိမ်အဖျက်ခံခဲ့ရသော ပြည်သူ ၃ဝဝ ကျော် ဆန္ဒထုတ်ဖော်

မြဝတီ၊ ဧပြီ ၂၂ 

ကရင်ပြည်နယ် မြဝတီမြို့နှင့် ခုနစ်မိုင်ခန့်အကွာ ကုန်သွယ်ရေးဇုန်အနီးရှိ ရွှေ မြစန္ဒီမြို့သစ်စီမံကိန်း၌ နေအိမ်အဖျက်ခံခဲ့ရသော ပြည်သူ ၃ဝဝ ကျော်တို့သည် ဧပြီ ၂၂ ရက် နံနက် ၉ နာရီခွဲက ခွင့်ပြုချက်ဖြင့် ဆန္ဒထုတ် ဖော်ခဲ့ကြောင်း သိရသည်။ ''ကျွန်တော်တို့က DKBA တာဝန်ခံ ဗိုလ်ညီညီဆိုသူဆီက ခြံ မြေတစ်ကွက်ကိုကျပ် ၅၂ဝဝဝဝ နဲ့ ဝယ်ခဲ့ရတာပါ။ ချမ်းသာလို့မဟုတ်ဘူး။ နေတာလည်း နှစ်နှစ်ရှိ ပြီ။ ဖေဖော်ဝါရီ ၂၂ ရက်က လူမ နေတဲ့အိမ်တွေ ဖျက်ခဲ့တယ်။ အခုတစ်ခါ လူနေတဲ့အိမ်တွေပါ ဖယ် ပေးရမယ်လို့ဆိုတယ်။ လူနေတဲ့ အိမ်ရှင်တွေကိုတော့ ပေ(၂ဝx၆ဝ) မြေကွက်ကို ပြန်ပေးမယ်လို့တော့ သိရတယ်။ လူမနေဘဲ အကွက်ဝယ်ထားတဲ့သူတွေလည်း အသိမ်းခံရတယ်။ ဗိုလ်ညီညီတို့ စရောင်းကတည်းက ဘာလို့အရေးမယူကြလဲ။ အခုတော့ ပြည်သူတွေက အိမ်တွေဆောက်ပြီးမှ အဖျက်ခံရ တာဆိုတော့ မတရားဘူးလို့ ပြောချင်တယ်''ဟု ဆန္ဒထုတ်ဖော်ရေး အဖွဲ့ခေါင်းဆောင် ကိုငယ်(ခ)ကို သန်းလှိုင်က ပြောကြားသည်။

အဆိုပါ ရွှေမြစန္ဒီမြို့သစ်စီမံ ကိန်းဖော်ဆောင်မှုကို နိုင်ငံတော်မှ တရားဝင်ခွင့်ပြုခဲ့ခြင်းမရှိခဲ့သကဲ့သို့ ပြည်နယ်အစိုးရကလည်းခွင့်ပြုခဲ့ခြင်းမရှိကြောင်း သိရသည်။  ''၂ဝ၁၇ ခုနှစ်အတွင်းက ပြည် နယ်ဝန်ကြီးချုပ်ကိုယ်တိုင် တရားမဝင်တဲ့နေရာဖြစ်လို့ လူနေအိမ် တွေဆက်လက်မဆောက်ကြဖို့ လာ ရောက်တားမြစ်ခဲ့တယ်။ ဒါကို ဗိုလ်ညီညီကဆက်ပြီးဆောက်ခိုင်းလို့ဆိုပြီး ဆက်လက်ဆောက်ရာကနေ အိမ်ခြေ ၃ဝဝဝ ကျော်ထိ များပြားလာတဲ့အတွက် ဖေဖော်ဝါရီ ၂၂ ရက်မှာ လူမနေတဲ့အိမ်တွေကို ပြည်နယ်အစိုးရရဲ့ ညွှန်ကြား ချက်နဲ့ဖျက်ဆီးခဲ့တယ်။ အဲဒီနောက်ပိုင်းလူနေတဲ့အိမ်တွေကို စာရင်း ကောက်ယူရာမှာ စုစုပေါင်း ၃၈၆ အိမ်ရရှိခဲ့တယ်။ အဲဒီလူနေထိုင်တဲ့အိမ်တွေကို ဒီရွှေမြစန္ဒီမြို့သစ်ရဲ့ ကရင်ပြည်နယ် စီမံခန့်ခွဲပိုင်မြေထဲမှာပေ(၂ဝx၆ဝ) မြေနေရာတွေ ကို ဂရန်ပေါက်အဖြစ် ပြန်လည်နေရာချထားပေးသွားမှာပါ။ တရားမဝင်မြေကွက်တွေရောင်းချခဲ့တဲ့ DKBA က ဗိုလ်ညီညီကိုလည်း ဖမ်းဆီးထားပြီးဖြစ်ပါတယ်။ အခုဆန္ဒထုတ်ဖော်သူတွေထဲမှာ တကယ်မနေထိုင်ဘဲ မြေကွက်ဝယ်ယူထားသူတွေလည်း ပါဝင်ကြပါတယ်''ဟု မြဝတီမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။


ဆန္ဒထုတ်ဖော်သူများသည် မြဝတီမြို့ ဓိဋ္ဌာန်အောင်ဘုရားအနီးရှိ ဘောလုံးကွင်း၌ စုဝေးကြပြီးနတ်သျှင်နောင်လမ်းမှတစ်ဆင့်အမှတ်(၁)ချစ်ကြည်ရေးတံတား ကြီးအောက်မှပတ်ကာ ဘုရင့် နောင်လမ်းမကြီးအတိုင်း ကြွေးကြော်ချီတက်ကာ ကြခတ်တော ဘုန်းကြီးကျောင်းဝင်း၌ လူစုခွဲခဲ့ကြသည်။ ''အရင်က ရွှေမြစန္ဒီတာဝန်ခံ ဖြစ်သူ ဗိုလ်မှူးညီညီကတော့ မြို့ သစ်စီမံကိန်းဖော်ဆောင်တာပေါ့။ ဒါပေမဲ့ ဥပဒေနဲ့မညီတဲ့အတွက် အခုလိုပြဿနာတွေတက်ခဲ့ရတာပါ။ ဒါကို DKBA က အကြီးအကဲတွေနဲ့ ပြည်နယ်အစိုးရအဖွဲ့ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အခုလိုစီစဉ် ဆောင်ရွက်ကြတာပါ။ ကျွန်တော်တို့က NCA လက်မှတ်ရေးထိုး တားတဲ့အဖွဲ့ဖြစ်လို့ အစိုးရရဲ့ ညွှန်ကြားချက်ကို လိုက်နာရမှာဖြစ်ပါတယ်။ ဥပဒေအပြင်ဘက်က ဆောင်ရွက်လို့မရပါဘူး။ အခုဆန္ဒပြသူ တွေထဲမှာ ခြံကွက်တွေဝယ်ယူထား ပြီး ပြန်ရောင်းစားမယ့်သူတွေလည်းပါတယ်။ တကယ်နေထိုင်နေတဲ့သူ တွေကို ပြည်နယ်အစိုးရက နေထိုင် ဖို့နေရာပြန်ပေးသွားမှာပါ။ တကယ် မနေဘဲ မြေကွက်ဝယ်ယူထားသူ တွေ၊ မနေဘဲ အိမ်ဆောက်ထားသူတွေကိုတော့ နေစရာအစားပြန် မပေးပါဘူး။ ဒါကို မကျေနပ်လို့ ဆန္ဒပြကြတာဖြစ်ပါတယ်''ဟု DKBA မှ အရာရှိတစ်ဦးက ပြောကြားသည်။


ရွှေမြစန္ဒီစီမံကိန်းတွင် လက်ရှိဆောက်ပြီးသား နေအိမ် ၃ဝ၅၃ လုံးနှင့် အိမ်မဆောက်သည့် မြေကွက် ၁၅၄၇ ကွက်ရှိပြီး လူမနေ သည့်အိမ် ၉၃၃ လုံးရှိကာ အဆိုပါလူမနေသည့် နေအိမ် ၉၃၃ လုံးကို ဖေဖော်ဝါရီ ၂၂ ရက်က ဖယ် ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

KKTM(MWD)

#democracytoday

Rate this item
(0 votes)
back to top