HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

အစားအသောက် ကိုင်တွယ်မှုပိုင်းနှင့် သန့်ရှင်းရေး အားနည်းသည့်ဆိုင်များကို လိုင်စင်သက်တမ်း တိုးပေးတော့မည် မဟုတ်ဟု မန်းစည်ပင် ဆို

အစားအသောက် ကိုင်တွယ်မှုပိုင်းနှင့် သန့်ရှင်းရေး အားနည်းသည့်ဆိုင်များကို  လိုင်စင်သက်တမ်း တိုးပေးတော့မည် မဟုတ်ဟု မန်းစည်ပင် ဆို

မန္တလေး၊ မေ ၁၃ 

မန္တလေး မြို့တော်စည်ပင်သာယာရေးကော် မတီသို့ လုပ်ငန်းလိုင်စင်သက်တမ်း တိုးလျှောက်ထားသည့် စားသောက် ဆိုင်ကြီးများတွင် အစားအစာကိုင် တွယ်မှုပိုင်းနှင့်သန့်ရှင်းရေးပိုင်းကို အဓိကထား၍ ကွင်းဆင်းစစ်ဆေး ကာ ကူးစက်ရောဂါပိုးမရှိသူများကို သာ အစားအစာများချက်ပြုတ်ကြော် လှော်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

''လိုင်စင်သက်တမ်းတိုးလျှောက် ထားတဲ့ဆိုင်တွေကို ချက်ချင်းသက် တမ်းတိုးမပေးတော့ဘဲ အဲဒီဆိုင်တွေ ရဲ့ မီးဖိုချောင်သန့်ရှင်းမှုပိုင်း၊ အ စားသောက်တွေကိုချက်ပြုတ်ပြင် ဆင်မှုပိုင်းနဲ့ ကုန်းကြမ်းဖြစ်တဲ့ သားငါး၊ ဟင်းသီးဟင်းရွက်တွေကို ထိန်းသိမ်းမှုပိုင်းတွေနဲ့ပတ်သက်လို့ အဖွဲ့နဲ့အခုစတင်ကွင်းဆင်းစစ် ဆေးနေပါပြီ။ စစ်ဆေးတဲ့အဖွဲ့ရဲ့ မှတ်ချက်ပေါ်မူတည်ပြီးတော့ လိုင် စင်သက်တမ်းတိုးကိစ္စကို ဆုံး ဖြတ်သွားမှာဖြစ်သလို လိုအပ်တဲ့ အပိုင်းတွေမှာ ပြင်ဆင်မှုတွေလုပ် ဆောင်ဖို့ ညွှန်ကြားသွားမှာပါ။ ခန့် ထားတဲ့ဝန်ထမ်းတွေမှာ ကူးစက် ရောဂါကင်းရှင်းကြောင်း လက်မှတ် အထောက်အထားကို မတင်ပြနိုင် ရင် ဒဏ်ငွေရိုက်တာ၊ လုပ်ငန်းလိုင် စင်ပိတ်သိမ်းတာတွေအထိ အရေး ယူသွားဖို့ စီစဉ်ထားပါတယ်'' ဟု မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ သန့်ရှင်းရေးဌာနမှ ဦစိုးတင့်အောင်က မေ ၁၃ ရက် တွင် ဒီမိုကရေစီတူဒေးသို့ပြောကြားသည်။

 

လိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းလုပ်ကိုင်မည့်နေရာအနီး ပတ်ဝန်းကျင်ရှိ နေအိမ်များ၏ထောက်ခံချက်မှာ အဓိကလိုအပ် ချက်ဖြစ်၍ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာမြို့နယ်သန့် ရှင်းရေးဌာနမှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူး (စည်ပင်)၊ သန့်ရှင်းရေးဌာ နမှူးနှင့်ဌာနခွဲမှူးတို့၏ ထောက်ခံချက်များပြည့်စုံစွာပါရှိရမည်ဖြစ် ကြောင်း၊ မန္တလေးမြို့တွင် စား သောက်ဆိုင်ကြီး စုစုပေါင်း ၁၅၁ ဆိုင်၊ စားသောက်ဆိုင်လတ်စုစုပေါင်း ၃ဝ၂ ဆိုင်၊ စားသောက်ဆိုင်သေး စုစုပေါင်း ၁၁၅၉ ဆိုင်ရှိပြီး ဆိုင် အများစုမှာ ချမ်းအေးသာစံမြို့နယ် အတွင်း ဖွင့်လှစ်ထားကြောင်း သိရသည်။ 

KSA

#democracytoday

Rate this item
(0 votes)
back to top