HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ကဆုန် လပြည့်နေ့တွင် မန္တလေးမြို့နန်းမြို့ရိုး ကျုံးထောင့်လေးထောင့်၌ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ် ပူဇော်မည်

ကဆုန် လပြည့်နေ့တွင် မန္တလေးမြို့နန်းမြို့ရိုး ကျုံးထောင့်လေးထောင့်၌ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ် ပူဇော်မည်

မန္တလေး၊ မေ ၁၃

မန္တလေး မြို့တော်ကြီး အေးချမ်းသာယာစေ ရေးအတွက် မြန်မာတို့၏အထွတ် အမြတ်နေ့ဖြစ်သော ကဆုန်လပြည့် (ဗုဒ္ဓနေ့) မေ ၁၈ ရက်ညနေ ၅ နာရီခွဲတွင် မန္တလေးကျူံးမြို့ရိုးထောင့် လေးထောင့်၌ ဆရာတော်များမှ ပဉ္စမအကြိမ်မြောက် အန္တရာယ်ကင်း ပရိတ်နှင့်ကမ္မဝါတရားတော်များ ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။

နန်းမြို့ရိုးကျုံးထောင့်လေး ထောင့်၌ ဆရာတော်များမှအန္တရာယ် ကင်းပရိတ်နှင့်တရားတော်များရွတ် ဖတ်ပူဇော်မှုကို မန္တလေးမြို့မှ မြို့ မိမြို့ဖအဖွဲ့က တာဝန်ယူကျင်းပ ခြင်းဖြစ်ပြီး အနောက်တောင်ထောင့် တွင် မစိုးရိမ်တိုက်ဟောင်းဆရာ တော် ဦးဝိစိတ္တာဘိဝံသနှင့်ဆရာ တော်လေးပါး၊ ကျုံးအနောက် မြောက်ထောင့်တွင် မစိုးရိမ်တိုက် ဟောင်းဆရာတော် ဦးÓဏာဘိ ဝံသနှင့်ဆရာတော်လေးပါး၊ ကျုံး အရှေ့တောင်ထောင့်တွင် မိုး ကောင်းကျောင်းတိုက်ဆရာ တော် ဦးဓမ္မနှင့် ဆရာတော်လေး ပါး၊ ကျုံးအရှေ့မြောက်ထောင့်တွင် တောင်စလင်းတိုက်ဆရာတော် ဦးတက္ခနှင့်ဆရာတော်လေးပါးတို့ က ပရိတ်တော်များနှင့်ကမ္မဝါ တရားတော်များ ရွတ်ဖတ်ပူဇော် ကြမည်ဖြစ်သည်။


''မနှစ်ကလည်း မန္တလေးမြို့ ကြီးအန္တရာယ်ကင်းရေး မြို့သူမြို့ သားအားလုံး အန္တရာယ်ကင်းရေး အတွက် ဆရာတော်ကြီးများကို ပင့်ဖိတ်ပြီး ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။ ကျုံး ထောင့်တစ်နေရာစီမှာ မြို့မိမြို့ဖ အဖွဲ့နဲ့အတူ NLD ပါတီက လူ ကြီးလူငယ်တွေ ပူးပေါင်းပါဝင် ကူညီလုပ်အားပေးကုသိုလ်ယူကြ ပါတယ်။ မြန်မာလူမျိုးများရဲ့ မွန်မြတ်တဲ့ဘာသာ သာသနာဆိုင် ရာလုပ်ရပ်ဖြစ်တာကြောင့် နှစ်စဉ် ဆောင်ရွက်နိုင်အောင်ကြိုးစားသွား မှာပါ'' ဟု မန္တလေးမြို့မိမြို့ဖအဖွဲ့ မှ ဦးပွကပြောကြားသည်။


အန္တရာယ်ကင်းပရိတ်တရား တော်နာကြားမည့် မိဘပြည်သူများ အနေဖြင့် မိမိတို့အဆင်ပြေမည့် နီးစပ်ရာ ကျုံးထောင့်များသို့ပရိတ် တရားတော်လာရောက်နာကြားကြ ရန်နှင့် အဆိုပါနေ့ညနေ ၅ နာရီခွဲ မတိုင်မီကြိုတင်လာရောက်နေရာ ယူကြပါရန် အသိပေးနှိုးဆော်ထား ကြောင်း သိရသည်။ 

DW

#democracytoday

Rate this item
(0 votes)
back to top