HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

သုဝဏ္ဏနယ်မြေ၌ လူသတ်မှုကျူးလွန်သူများကို မိပြီ

သုဝဏ္ဏနယ်မြေ၌ လူသတ်မှုကျူးလွန်သူများကို မိပြီ

၅.၅.၂၀၁၉ ရက်နေ့ ၁၇၀၀ အချိန် ဖြိုးဝေဦး(ခ) မိုဟာမက်အနပ် မှာ ရည်းစားဖြစ်သူ မ---နှင့်အတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၆)ရပ်ကွက်ဘက်မှ YBS-7 ယာဉ်ဖြင့်ပြန်လာခဲ့ရာ သင်္ဃန်းကျွန်း မြို့နယ်၊ကြီးပွားရေးရပ်ကွက်၊ ကားကြီးဂိတ်အရောက် ကားပေါ်မှဆင်း၍ လမ်းလျှောက်လာစဉ် ဖြိုးဝေဦး(ခ) မိုဟာမက်အနပ် မှ ခဏနေဦးဟုဆိုကာ ဂုတ်ပိုးအား လက်ဖြင့်အုပ်ထားသဖြင့်

ဘာဖြစ်တာလဲဟုမေးမြန်းရာ ဆိုင်ကယ်တစ်စီးဖြင့် လူငယ်(၂)ယောက် အနက်နောက်ထိုင်စီးနင်းသူမှ ဓားဖြင့်ထိုးသွားခဲ့ကြောင်း၊ ၎င်းနောက် ကားငှား၍ သင်္ဃန်းကျွန်း၊ စံပြဆေးရုံသို့သွားရောက်ပြသခဲ့ရာဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း ပြောပြသဖြင့်  ဓားဖြင့်ထိုးသွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် သုဝဏ္ဏနယ်မြေရဲစခန်းသို့ ဦး---မှ တရားလိုပြုလုပ် တိုင်တန်းမှုဖြစ်ပါသည်။

တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကပြစ်မှုကျူးလွန်သူအား အမြန်စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်ရန်ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးမှ အနီးကပ်ကြီးကြပ်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးအဖွဲ့တို့မှ တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခြင်း၊ အခင်းဖြစ်ပတ်ဝန်းကျင်အား စုံစမ်းမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဆိုင်ကယ်ဖြင့် ပြစ်မှုကျူးလွန်သောသူမှာ သန်းထိုက်အောင်(ခ)ဟာစန်း နှင့် မြသန်းထွေး(ခ)ခေါကြီး တို့ဖြစ်ကြောင်း စုံစမ်းသိရှိရကြောင်း၊ရရှိသတင်းအပေါ်အတည်ပြုပြီး၎င်းတို့ကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၉.၅.၂၀၁၉ ရက်နေ့ ၁၈၅၀ အချိန်တွင် မြသန်းထွေး(ခ)ခေါကြီး နှင့် သန်းထိုက်အောင်(ခ)ဟာစန်း တို့(၂)ဦးကို ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေး မြို့နယ်ရှိ မြသန်းထွေး(ခ)ခေါကြီး ၏ ယောက္ခမနေအိမ်၌ လည်းကောင်း ပြစ်မှုကျူးလွန်သူများ ထွက်ပြေးလွတ်မြောက်စေရန်ကူညီ ထောက်ပံ့သူ ထွန်းထွန်းနိုင်(ခ)ငထွန်း နှင့်ကျော်သက်(ခ)ကျော်ကြီး တို့၏ မိခင် ဒေါ်ဥမ္မာ အား ၉.၅.၂၀၁၉ ရက်နေ့ ၀၂၄၅ အချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း အသီးသီးဖမ်းဆီး ရမိခဲ့ပြီးနောက် ထွန်းထွန်းနိုင်(ခ) ငထွန်း၊ကျော်သက်(ခ)ကျော်ကြီး နှင့် သန်းလင်းအောင် (ခ)မိုးသီး တို့(၃)ဦး အား ၎င်းတို့၏မိသားစုများမှ ၉.၅.၂၀၁၉ ရက်နေ့ ၁၉၀၀ အချိန်တွင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ လာရောက်အပ်နှံ သဖြင့် ဖမ်းဆီးရမိ ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူ သန်းထိုက်အောင်(ခ)ဟာစန်း ပါ(၆)ဦးအား အချိန်တိုအတွင်း ဖမ်းဆီးရမိ ခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော ဆိုင်ကယ်(၂)စီးနှင့် အရိုးအသွား(၁၁)လက်မခန့်ရှိ အသွားနှစ်ဖက်ပါ ဓားမြှောင်တို့အားသိမ်းဆည်းရရှိပြီးဖြစ်၍ အမှုမှ ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာအရေးယူနိုင်ရေး အတွက် အမှုမှကျန်ရှိရဲလုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိ ပါသည်။

Ref; Yangon Police

Rate this item
(0 votes)
YMG

back to top