HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ထိုင်းသို့ တရားမဝင် သွားရောက် လုပ်ကိုင်နေသည့် ဘုရားသုံးဆူမြို့မှ ဒေသခံများ လုပ်အားခ ခေါင်းပုံဖြတ်ခံနေကြရ

ထိုင်းသို့ တရားမဝင် သွားရောက် လုပ်ကိုင်နေသည့် ဘုရားသုံးဆူမြို့မှ ဒေသခံများ လုပ်အားခ ခေါင်းပုံဖြတ်ခံနေကြရ

ဘုရားသုံးဆူ၊ မေ ၁၄

မြန်မာ- ထိုင်းနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရား သုံးဆူမြို့မှ ဒေသခံ ၄ဝဝဝ ခန့် သည် နေ့စဉ် ထိုင်းနိုင်ငံ ရှမ်းကုန်း ဘက်ခြမ်းသို့ သွားရောက်၍ အလုပ် လုပ်ကိုင်နေကြသော်လည်း တရားဝင်သွားရောက်ခြင်းမဟုတ် သည့်အတွက် လုပ်အားခ ခေါင်းပုံ ဖြတ်ခံနေကြရကြောင်း သိရသည်။ ဘုရားသုံးဆူမြို့တွင် ကြာအင်း ဆိပ်ကြီး၊ မုဒုံ၊ သံဖြူဇရပ်၊ မော်လ မြိုင်၊ ကျိုက်မရောနှင့်အောင်လံမြို့ များမှ လာရောက်နေထိုင်သူများ ပြားပြီး ¤င်းတို့သည် ထိုင်းနိုင်ငံရှိ စက်ရုံများသို့နေ့ချင်းပြန်သွားရောက် လုပ်ကိုင်ကြရာ တစ်ရက်လျှင်အလုပ် သမားဦးရေ ၃ဝဝဝ မှ ၄ဝဝဝ ခန့် အထိရှိသည်။

''ဘုရားသုံးဆူမြို့ကနေ ထိုင်း ဘက်ခြမ်းက မီးခြစ်စက်ရုံ၊ သိုးမွေးစက်ရုံ၊ အထည်ချုပ်စက်ရုံ၊ အီလက် ထရွန်နစ်စက်ရုံ၊ CD  ပြားစက်ရုံ၊ ခရီးဆောင်အိတ်စက်ရုံတွေမှာ မနက်သွားညနေပြန် အလုပ်သွား လုပ်ကြတယ်။ မြန်မာအလုပ်သမား တွေကို ထိုင်းဘက်ကဖယ်ရီကားနဲ့ ''ရှမ်းကုန်း''လို့ခေါ်တဲ့ သူတို့အလုပ် ရုံရှိတဲ့နေရာအထိသွားဖို့ လာကြိုပေး ကြသလို ညနေလည်းဖယ်ရီနဲ့ပြန် ပို့ပေးတယ်။ ဒါပေမဲ့ လုပ်အားခအ နေနဲ့ တစ်ရက်ကိုဘတ် ၁၂ဝ နဲ့ ၁၃ဝ လောက်ပဲပေးတယ်။ ထိုင်း နိုင်ငံကတရားဝင်အလုပ်သမားခ ကို တစ်ရက်လုပ်အားခဘတ် ၃၂ဝ သတ်မှတ်ထားတာကြောင့် မြန်မာ အလုပ်သမားတွေကို လုပ်အားခ ခေါင်းပုံဖြတ်ထားတယ်။ ဘာဖြစ် လို့လဲဆိုရင် မြန်မာအလုပ်သမား တွေကတရားဝင် MoU နဲ့သွား ရောက်လုပ်ကိုင်ခွင့်မရဘဲ တရား မဝင်သွားလုပ်နေရလို့ပဲဖြစ်တယ်။ ဒါကို သုံးလတစ်ကြိမ်ပြုလုပ်တဲ့ နယ် ခြားကော်မတီအစည်းအဝေးတွေ မှာ ကျွန်တော်တို့တင်ပြပေမယ့် သူ တို့ကအထက်ဌာနတွေကိုတင်ပြပေး မယ်လို့ပြောပြီး အခုချိန်ထိဘာမှအ ကောင်အထည်ဖော်တာမတွေ့ရ သေးဘူး'' ဟု ဘုရားသုံးဆူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးကပြောသည်။


အဆိုပါဘုရားသုံးဆူမြို့သည် ယခင်ကတစ်ဖက်ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံတရားဝင်ကူးလူးဆက်ဆံ ၍ ကုန်သွယ်မှုရှိခဲ့သော်လည်း ၂ဝဝ၇ ခုနှစ်တွင် နှစ်နိုင်ငံနယ်စပ် ပြဿနာများဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်ဂိတ်ကို လုံးဝပိတ်လိုက်ကာ ယခုအခါ နှစ်ဖက်ပြည်သူများက နားလည်မှုဖြင့်သာ သွားလာနေ ကြကြောင်း သိရသည်။

KKTM(MWD)

#democracytoday

Rate this item
(0 votes)
back to top