HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မလှိုင်မြို့သမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၌ တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်သစ်တို့ကို မြို့နယ်တွင်း လှည့်လည်အပူဇော်ခံ

မလှိုင်မြို့သမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၌ တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်သစ်တို့ကို မြို့နယ်တွင်း လှည့်လည်အပူဇော်ခံ

မလှိုင်၊ မေ ၁၄ 

မန္တလေးတိုင်း ဒေသကြီး မလှိုင်မြို့ သမိုင်းဝင်ရွှေ မုဋ္ဌောစေတီတော်မြတ်ကြီး၌ တင် လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက် မြတ်နားတော်၊ ရွှေထီးတော်သစ် တို့အား မေ ၁၄ ရက်နံနက် ၆ နာရီ ခွဲတွင် မြို့တွင်းသို့ လှည့်လည်အ ပူဇော်ခံခဲ့ကြောင်း သိရသည်။ မလှိုင်မြို့၌ ကဆုန်လပြည့် နေ့တွင် နှစ်စဉ်ကဆုန်ညောင်ရေ သွန်းပွဲတော် ကျင်းပလာရာ ယခု နှစ်တွင် နှစ်ပေါင်း ၁ဝဝ ပြည့်ပြီ ဖြစ်သည့်အတွက် ယခုနှစ် နှစ်တစ် ရာပြည့်ကဆုန်ညောင်ရေသွန်းပွဲ တွင် သမိုင်းဝင် ရွှေမုဋ္ဌောစေတီ တော်မြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်ရွှေထီးတော် သစ်များ တင်လှူပူဇော်သွားမည် ဖြစ်သည့်အတွက် ယနေ့တွင် စိန်ဖူး တော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီး တော်အသစ်တို့အား ဒေသခံပြည် သူများ ဖူးမြော်နိုင်ရန် မြို့တွင်းလှည့် လည်အပူဇော်ခံခြင်း ဖြစ်သည်။

စိန်ဖူးတော်၊ ငှက်မြတ်နားတော် နှင့်ရွှေထီးတော်တို့အား မြို့နယ်တွင်း ဒေသခံတို့ဖူးမြော်ပူဇော်နိုင်ရန် လှည့်လည်အပူဇော်ခံရာတွင် မူလကိန်းဝပ်စံပယ်တော်မူရာ ''ဓမ္မိ ကာရာမအပ္ပမာဒ'' ဓမ္မရိပ်သာမှ ရှစ်မျက်နှာပရိယတ္တိစာသင်တိုက် ရှေ့လမ်းအတိုင်း၊ ထိုမှတစ်ဆင့် မလှိုင်ပန်းလှိုင်ရွှေဝါခန်းမအရှေ့ ဘက်လမ်းအတိုင်း လှိုင်သာယာ ကန်လမ်းမှ မြို့သစ်ဘုန်းတော်ကြီး ကျောင်းဝင်းဘေးလမ်းတစ်လျှောက် သို့ လှည့်လည်အပူဇော်ခံပြီး မီး သတ်ဦးစီးဌာနရှေ့လမ်းအတိုင်း မြင်းခြံဂိတ်ဘက်သို့ လှည့်လည်အ ပူဇော်ခံကာ ပွဲစားတန်းအနောက် ဘက်လမ်းမှတစ်ဆင့် သမိုင်းဝင် ရွှေမုဋ္ဌောဘုရားကြီး အာရုံခံအခန်းတွင် ကိန်းဝပ်စံပယ်တော်မူခဲ့သည်။


စိန်ဖူးတော်၊ ငှက်မြတ်နား တော်နှင့်ရွှေထီးတော်အသစ်များ အား မြို့နယ်တွင်းလှည့်လည်အပူ ဇော်ခံရာတွင် သြဝါဒါစရိယ ဆရာ တော်ခုနစ်ပါးနှင့်ဆရာတော်၊ သံဃာ တော်အပါး ၁ဝဝ တို့က ဦးဆောင် ၍ ဘုရားဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့နှင့် ဝတ်အသင်းအဖွဲ့ လူအင် အား ၃၅ဝ ခန့်တို့မှ ပင့်ဆောင်၍ လှည့်လည်အပူဇော်ခံခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

BBMZ

#democracytoday

Rate this item
(0 votes)
back to top