HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

သရက်ချဉ် လုပ်ငန်းတွင် ဓားပေါက်ခုတ်ခြင်းထက် ဓားခြစ်လုပ်ငန်းကို ပိုမို တွင်ကျယ် လုပ်ကိုင်လာ

သရက်ချဉ် လုပ်ငန်းတွင် ဓားပေါက်ခုတ်ခြင်းထက် ဓားခြစ်လုပ်ငန်းကို ပိုမို တွင်ကျယ် လုပ်ကိုင်လာ

တံတားဦး၊ မေ ၁၄

သရက်သီးကြမ်း ပေါ်ချိန်တွင် မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ် အင်း ဝဈေးချိုရပ်၌ သရက်ချဉ်ဖတ်ရရန် လက်ခစားသရက်သီးဓားပေါက်ခုတ်သူများသည် ယခုအခါသရက် ချဉ်ဖတ်ပိုမိုရနိုင်သည့် ဓားခြစ်လှီးလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်လာ ကြကြောင်းသိရသည်။

အင်းဝတွင် နှစ်စဉ်သရက်ချဉ် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်း ရှင်ကုန်သည်ကြီးများရှိပြီး အဆိုပါ လုပ်ငန်းများသို့ သရက်သီးဓားပေါက် ခုတ်လုပ်ကိုင်သူ ၁ဝဝဝ ခန့်ကလက် ခစားအဖြစ် ဝင်ရောက်လုပ်ကိုင် ကြသည်။ ယခုအခါ အစဉ်အဆက် လုပ်ကိုင်လာခဲ့ကြသည့် သရက်သီး ဓားပေါက်ခုတ်လှီးယူနည်းနေရာတွင် သစ်သားခုံးအားထွင်း၍ အသွားခံကာ သရက်သီးကိုအပေါ်မှ ဆွဲခြစ်သည့်နည်းဖြင့် သရက်ချဉ် ဖတ်ရအောင် ပြောင်းလဲလုပ်ကိုင် သူများပြားလာသည်။


ဓားပေါက်ခုတ်လုပ်ငန်းကျွမ်း ကျင်သူတစ်ဦးသည် တစ်နေ့လုံး လုပ်ပါက သရက်သီးအလုံးရေ ၁ဝဝ ပါ တောင်း ၁ဝ တောင်းအ ထိသာပြီးစီးသော်လည်း ဓားခြစ် လုပ်ငန်းကျွမ်းကျင်စွာခြစ်နိုင်သူမှာ ၁၂ တောင်းမှ ၁၅ တောင်းအထိ ပြီးစီးသည့်အတွက် သရက်ချဉ်ဖတ် လှီးဓားခြစ်ခုံနည်းအား ပြောင်းလဲ လုပ်ကိုင်သူများလာကြခြင်းဖြစ် သည်။ သရက်သီးဓားပေါက်(သို့မ ဟုတ်)ဓားခြစ်လုပ်ငန်းလုပ်ကိုင်သူ များမှာ ရာသီချိန်တွင် အဆိုပါလုပ် ငန်းမှ တစ်နေ့ဝင်ငွေကျပ် ၄ဝဝဝ မှကျပ် ၁ဝဝဝဝ အထိနေ့စဉ်ရရှိနေ ကြောင်းသိရသည်။

DW

#democracytoday

Rate this item
(0 votes)
back to top