HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဦးပွား ခုံးကျော်တံတားပေါ်သို့ ထော်လာဂျီ တစ်စီးဖြတ်သန်းစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာ တံတားအောက်သို့ ထိုးကျမှုဖြစ်ပွား

ဦးပွား ခုံးကျော်တံတားပေါ်သို့ ထော်လာဂျီ တစ်စီးဖြတ်သန်းစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာ တံတားအောက်သို့ ထိုးကျမှုဖြစ်ပွား

မန္တလေး၊ မေ ၁၅

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ဦးပွားခုံးကျော်တံတားပေါ်သို့ ဖြတ်သန်းမောင်းနှင်လာသည့် ထော် လာဂျီယာဉ်တစ်စီးမှာ တံတားအ ဆင်းအရှိန်မထိန်းနိုင်ပဲ တိမ်း မှောက်မှုဖြစ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးပွားခုံးကျော်တံတားအနောက်ဘက်တွင် မေ ၁၅ ရက်မွန်းလွဲ ၂ နာရီက ယာဉ် တစ်စီးပြုတ်ကျနေကြောင်း သတင်း အရ ချမ်းမြသာစည်မြို့နယ်၊ မြို့မ စခန်းမှ ဒုရဲအုပ်နွယ်နီလှိုင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မျိုးမင်း ဦး၊ ရဲတပ်ကြပ်သက်ပိုင်ဦးနှင့်ရဲ တပ်ကြပ်အောင်ညွှန့်တို့သည် သက် သေများနှင့်အတူ သွားရောက်စစ် ဆေးရာ ဦးပွားခုံးကျော်လမ်း (စစ်ကိုင်းလမ်းခွဲ)အတိုင်း အရှေ့မှအ နောက်သို့ ဦးမြင့်ဆွေ (၅ဝ)နှစ်၊ ခိုင်ရွှေဝါလမ်း၊ ၄၅ လမ်းနှင့် ၄၅ လမ်းကြား၊ အောင်သာယာရပ်ကွက် နေသူ မောင်းနှင်လာပြီး ယာဉ် နောက်လိုက်အဖြစ် ရဲမင်းကြည် (အသက်၊နေရပ်လိပ်စာစုံစမ်းဆဲ) လိုက်ပါ၍ ဆားအိတ်များတင်ဆောင် လာသော အစိမ်းပုပ်ရောင်ထော် လာဂျီယာဉ်၊ နံပါတ် ၉/ဌ သည် တံတားအနောက်ဘက်ခြမ်းသို့ ရောက်ရှိစဉ် အရှိန်မထိန်းနိုင်ပဲ တံတားတွင်ကာရံထားသည့် သံ ပန်းများအား ဝင်ရောက်တိုက်မိ ကာ တံတားအောက်သို့ ပြုတ်ကျ သွားခြင်းဖြစ်ပြီး ယာဉ်နောက်လိုက် ဖြစ်သူမှာ ယာခြေသလုံးရိုးကျိုး ဒဏ်ရာရရှိသွားသဖြင့် အောင်မြေ ယသလူမှုကူညီရေးအသင်းကား ဖြင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၊ အရေးပေါ်ပြင်ပလူနာ လက်ခံဆောင်သို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။


''အဲဒီအချိန်က နေပူပြင်းတဲ့ အချိန်ဆိုတော့ ခုံးတံတားပေါ်မှာ ယာဉ်တွေနဲ့ဆိုင်ကယ်တွေ အသွား အလာရှင်းနေပါတယ်။ ယာဉ်မောင်း ကလည်း ဘုရားဘက်ခြမ်းကိုဆွဲ ချလိုက်လို့သာ ဆိုင်ခန်းတွေရှိတဲ့ ဘက်ကိုပါဆွဲချလိုက်ရင် ထိခိုက် မှုတွေပိုများနိုင်ပါတယ်။ အဓိက ကတော့ ဝိတ်တွေအများကြီးတင် ဆောင်လာတဲ့ ထော်လာဂျီတွေ အနေနဲ့ ခုံးကျော်တံတားတွေပေါ် ကို မဖြတ်သန်းသင့်ပဲ သက်ဆိုင် ရာဌာနတွေက တားမြစ်သင့်ပါ တယ်။ တံတားအောက်ပြုတ်ကျ သွားတဲ့ယာဉ်ကို ကရိန်းကားနဲ့ပြန် ဆွဲတင်နေတာကို တွေ့ရပါတယ်'' ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ကြုံသူ တစ်ဦးက ဆိုပါသည်။ ယာဉ်တိမ်းမှောက်ရာသို့သွား ရောက်စစ်ဆေးခဲ့သူ ဒုရဲအုပ်နွယ် နီလှိုင်၏ ဆက်သွယ်အကြောင်း ကြားချက်အရ ညနေ ၃ နာရီခွဲ တွင် ယာဉ်မှုစစ်ဌာနမှ ရဲအုပ်ကျော် မန်းနှင့်အဖွဲ့ရောက်ရှိလာပြီး ယာဉ် မောင်းအားလိုအပ်သည့်စစ်ဆေး မှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

KSA

#democracytoday

Rate this item
(0 votes)
back to top