HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ကောလင်းတွင် လူတစ်ဦး ရေတွင်းထဲပြုတ်ကျသေဆုံး

ကောလင်းတွင် လူတစ်ဦး ရေတွင်းထဲပြုတ်ကျသေဆုံး

ကောလင်း၊ မေ ၁၅ 

စစ်ကိုင်း တိုင်းဒေသကြီး ကောလင်းမြို့ မြို့ ကုန်းမြို့မရပ်ကွက် သုဝဏ္ဏရပ် ရွှေမင်းဝံလမ်းတောင်ဘက် (၁၉) လမ်းရှိ နေအိမ်ခြံဝင်းအတွင်း မေ ၁၅ ရက် နံနက် ၁၁ နာရီခန့်က ရေတွင်းသန့်ရှင်းရေးပြုလုပ်ရင်း ရေတွင်းထဲသို့ လူတစ်ဦးပြုတ်ကျ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် လူတစ်ဦး ရေတွင်းသန့်ရှင်းရေးလုပ်ရင်း ရေတွင်းထဲပြုတ်ကျသွားကြောင်း ကြက်ခြေနီတပ်ဖွဲ့မှ သတင်းပေးပို့သဖြင့် ကောလင်းမြို့နယ်မီးသတ် စခန်းမှတပ်ဖွဲ့ဝင်များ၊ နာရေးကူ ညီမှုအသင်းသားများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူလူထုတို့ ပူး ပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ မိနစ် ၂ဝ တွင် သေဆုံး သူ၏ရုပ်အလောင်းကို ကော လင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမီးသတ်

Rate this item
(0 votes)
back to top