HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်ထွက်ဂိတ်ဖြစ်သော နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်များကို မေ ၁၅ ရက်မှစတင်ကာ တရုတ်နိုင်ငံဘက်မှ ပုံမှန် သတ်မှတ်ချိန်ထက် နှစ်နာရီခွဲစော၍ ဖြတ်သန်းခွင့် ပိတ်မည်

မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်ထွက်ဂိတ်ဖြစ်သော နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်များကို မေ ၁၅ ရက်မှစတင်ကာ တရုတ်နိုင်ငံဘက်မှ ပုံမှန် သတ်မှတ်ချိန်ထက် နှစ်နာရီခွဲစော၍ ဖြတ်သန်းခွင့် ပိတ်မည်

မူဆယ်၊ မေ ၁၅

မြန်မာ- တရုတ် နှစ်နိုင်ငံပြည်ဝင်ပြည်ထွက်စစ် ဆေးရေးဂိတ်များဖြစ်သော နန်း တော်စစ်ဆေးရေးဂိတ်နှင့် ဆင်ဖြူ စစ်ဆေးဂိတ်များကို မေ ၁၅ရက် မှစတင်ကာ တရုတ်နိုင်ငံဘက်မှ ပုံမှန်သတ်မှတ်ချိန်ထက် နှစ်နာရီ ခွဲစော၍ မြန်မာစံတော်ချိန် ည ၈ နာရီတွင် ဖြတ်သန်းခွင့်ပိတ်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတာဝန်ရှိသူများက တရုတ်နိုင်ငံသို့မေ ၉ ရက်က သွားရောက်ကာ မန့်ဝန်းဂိတ်ကို ပုံမှန်ယခင်အတိုင်း ပြန်လည်ဖွင့်လှစ် ပေးရန်ကိစ္စအပါအဝင်ကားပိတ်မှုကြောင့် ယာဉ်ကြောကျပ်တည်းမှုအတွက် ဖြေလျှော့ပေးနိုင်စေရန် ဆွေးနွေးခဲ့သည့်အပေါ် ရွှေလီ ပြည်သူ့ အစိုးရအဖွဲ့၏အထူးအ စည်းအဝေးဆုံးဖြတ်ချက်အရ မတ် ၁၅ ရက်မှ စတင်ကာ မန့်ဝန်း ဂိတ်အား မြန်မာစံတော်ချိန် ည ၁ဝ နာရီအထိတိုးကာ ဖွင့်လှစ် ပေးမည့်အပြင်မူအားဖြင့် ကျင် ဆန်းကျော့၊ ဝမ်တိန်၊ ရွှေလီ၊ ကျယ် ဂေါင်အတိုင်း မြန်မာကုန်ကားများ အား ဖြတ်သန်းမောင်းနှင်ခွင့်ပြု မည်ဖြစ်သော်လည်း နှစ်နိုင်ငံပြည် ဝင်ပြည်ထွက်စစ်ဆေးရေးဂိတ် များဖြစ်သော နန်းတော်စစ်ဆေ ရေး ဂိတ်နှင့်ဆင်ဖြူစစ်ဆေးရေး ဂိတ်တို့ကို မြန်မာစံတော်ချိန် ည ၈ နာရီတွင်ဖြတ်သန်းခွင့်ပိတ် မည်ဖြစ်ကြောင်း သိရသည်။

 

မူဆယ်ခရိုင်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဦး စီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစန်းဝေက''ကျွန်တော်တို့တာ ဝန်ရှိ ဌာနဆိုင်ရာအဖွဲ့က မေ ၉ ရက်က တရုတ်နိုင်ငံတာဝန်ရှိသူ တွေနဲ့ကားပိတ်မှုကြောင့် ယာဉ် ကြောကျပ်တည်းမှုအတွက် ဖြေ လျှော့ပေးနိုင်စေရန် ဆွေးနွေးခဲ့ ပါတယ်။ ဒီဘက်ကဂိတ်အခြေ အနေတွေလိုက်ပြခဲ့ပါတယ်။ မန့် ဝန်းဂိတ်ကိုလည်း လုံခြုံရေးအခြေ အနေကောင်းနေပြီဖြစ်တဲ့အတွက် ယခင်အတိုင်းပြန်လည်ဖွင့်လှစ် ပေးဖို့ဆွေးနွေးခဲ့ပါတယ်။ နန်း တော်ဂိတ်နဲ့ ဆင်ဖြူဂိတ်ကို စော ပိတ်မယ့်ကိစ္စတော့ မဆွေးနွေးခဲ့ ပေမယ့် သူတို့ဘက်ကအကြောင်း ကြားစာပေးပို့လာမှ နှစ်နိုင်ငံဝင်ထွက်ဂိတ်တွေဖြစ်တဲ့ နန်းတော်စစ် ဆေးရေးဂိတ်နဲ့ ဆင်ဖြူစစ်ဆေးရေး ဂိတ်တို့ကို ပုံမှန်ထက် နှစ်နာရီခွဲ စောပိတ်မယ့်ကိစ္စပါလာတယ်။ ကျွန် တော်တို့ကတော့ ဂိတ်အားလုံးကို အရင်ပုံမှန်အတိုင်းပြန်လည်ဖွင့် လှစ်ပေးဖို့ပြန်ပြီး အကြောင်းပြန် မှာပါ''ဟု မေ ၁၄ ရက်ကဒီမိုကရေ စီတူဒေးသို့ပြောသည်။


အဆိုပါနှစ်နိုင်ငံ ပြည်ဝင် ပြည်ထွက်စစ်ဆေးရေးဂိတ်များကို ယခင်ကမြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲမှ ည ၁ဝ နာရီခွဲအထိ ပုံမှန်ဖွင့်လှစ်ပေးခဲ့ရာမှ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂၃ ရက် နေ့က ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန် တိုက်ပွဲနှင့် ၂ဝ၁၈ ခုနှစ် မေလ ၁၂ ရက်နေ့ မူဆယ်မြို့ ပန်ခမ်းတံ တားအနီးတိုက်ပွဲများကြောင့် တရုတ်နိုင်ငံဘက်မှ လုံခြုံရေးအ ကြောင်းပြကာ ကုန်ကားကြီးများ ဝင်ထွက်သွားလာမှုရှိသော မန့် ဝန်းနှစ်နိုင်ငံပြည်ဝင်ပြည်ထွက်ဂိတ် ကို မြန်မာစံတော်ချိန် ည ၈ နာရီ အချိန်ခန့်အထိသာ ဖြတ်သန်းခွင့် ပြုခဲ့ပြီး ကျန်နန်းတော်စစ်ဆေးရေး ဂိတ်နှင့်ဆင်ဖြူစစ်ဆေးရေးဂိတ် များကိုပုံမှန်အတိုင်းဖြတ်သန်းသွား လာခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။


မူဆယ်ဒေသခံကိုဝင်းအောင် ခန့်က''အချိန်ပြောင်းလဲခဲ့ရင် နှစ်နိုင်ငံပြည်သူတွေအတွက် အဆင်မ ပြေမှုတွေများစွာကြုံတွေ့ရမှာပါ။ များသောအားဖြင့်ဒီဘက်ခြမ်းက ဝင်ထွက်သွားလာနေတဲ့ မြန်မာ နိုင်ငံသားတွေအပြင် ဒီဘက်ခြမ်း မှာ စီးပွားလာရှာနေတဲ့သူတို့နိုင်ငံ သားတွေအတွက်ပါ အခက်အခဲ ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။သူတို့ ဘက်ကတစ်ဖက်သတ်ပိတ်တာ ကိုလက်မခံစေချင်ပါဘူး။ နှစ်နိုင်ငံ တာဝန်ရှိသူတွေ အပြန်အလှန် ဆွေးနွေးပြီးမှ လုပ်ဆောင်သင့်ပါ တယ်။ ကျွန်တော်တို့ကြားတာက ဒီဂိတ်တွေကိုစောပိတ်မယ့်ကိစ္စ မ ဆွေးနွေးခဲ့ဘဲ တစ်ဖက်သတ်ပိတ် မယ်ဆိုတာတော့ မကောင်းပါဘူး'' ဟုပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ နှစ် နိုင်ငံတာဝန်ရှိသူများ ပြန်လည် ဆွေးနွေးပြီးမှ ဆက်လက်ဆောင် ရွက်ရန် သံတမန်လမ်းကြောင်းမှ တစ်ဆင့်အကြောင်းကြားစာပြန် လည်ပေးပို့ထားကြောင်း သိရ သည်။

PS

#democracytoday

Rate this item
(0 votes)
back to top