HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ချင်းပြည်နယ်၌ မိုးရွာသွန်းလာမှုများကြောင့် ရေခန်းခြောက်ခဲ့သည့် ရာဇဂြိုဟ်ဆည်အတွင်းသို့ ရေများစတင် ဝင်ရောက်လာနေ

ချင်းပြည်နယ်၌ မိုးရွာသွန်းလာမှုများကြောင့် ရေခန်းခြောက်ခဲ့သည့် ရာဇဂြိုဟ်ဆည်အတွင်းသို့ ရေများစတင် ဝင်ရောက်လာနေ

ကလေး၊ မေ ၂၂

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်ရှိ ရာဇ ဂြိုဟ်ဆည်၌ ဆည်ရေကျဆင်းခဲ့ပြီး ရေခန်းခြောက်မှုအဆိုးရွားဆုံးဖြစ် ပွားခဲ့ပြီးနောက် မေလကုန်ပိုင်းတွင် ချင်းပြည်နယ်အတွင်း၌ မိုးရွာသွန်း မှုများရှိလာခဲ့သည့်အတွက် ရာဇ ဂြိုဟ်ဆည်သို့ ရေစတင်ဝင်ရောက် လာပြီဖြစ်ကြောင်း သိရသည်။ ကလေးမြို့နယ် ရာဇဂြိုဟ် ကျေးရွာအနီး၌ တည်ဆောက်ထားသည့် ရာဇဂြိုဟ်ဆည်အတွင်း ရှိ ဆည်ရေမှာ ပြီးခဲ့သည့် ဆောင်း ရာသီကာလမှစတင်၍ ကျဆင်းခဲ့ ပြီးနောက် သင်္ကြန်ကာလတွင် ဆည်ရေခန်းခြောက်မှု အဆိုးရွား ဆုံးဖြစ်ပွားခဲ့သည်။

''ချင်းပြည်နယ်ဘက်မှာ မိုး ရွာသွန်းမှုရှိတဲ့အတွက် ရာဇဂြိုဟ်ဆည်ထဲကို စီးဝင်နေတဲ့နေရဉ္ဇရာ မြစ်ရေတိုးလာပါတယ်။ အခုရက် ပိုင်းမှာတော့ ရာဇဂြိုဟ်ဆည်ရေ ကို စတင်မြင်တွေ့နေရပါပြီ။ ဒါပေမဲ့ ဆည်ရေပြည့်သည်အထိကတော့ တော်တော်လေးစောင့်ရဦးမှာပါ။ ချင်းပြည်နယ်ဘက်မှာ မိုးလှိုင်လှိုင်ရွာမယ်ဆိုရင်တော့ ဆည်ရေခဏ လေးပြည့်သွားမှာပါ။ အခုလို ဆည် ရေခန်းခြောက်မှုတွေဖြစ်ရတာက လည်း ၂ဝ၁၅ ကလေးဒေသသ ဘာဝဘေးကြီးမားစွာ ကျရောက် လိုက်တဲ့အတွက်ဖြစ်ပါတယ်''ဟု ရာဇဂြိုဟ်ဆည်တာဝန်ခံက မေ ၂၁ ရက်တွင် ပြောကြားသည်။


ရာဇဂြိုဟ်ဆည်သည် ချင်းပြည် နယ်မှမြစ်ဖျားခံစီးဆင်းနေသော နေရဉ္ဇရာမြစ်ကို ပိတ်၍တည်ဆောက်ထားသောဆည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် ကလေးနှင့် ချင်းတောင်သဘာဝဘေး သင့်ချိန်တွင် ချင်းတောင်ပေါ်မှာ မျောပါလာသော အမှိုက်ဒိုက်များ၊ သစ်တုံးသစ်မြစ်များနှင့် ရွှံ့နွံများမှာ ရာဇဂြိုဟ်ဆည်အတွင်းသို့ ကျရောက်လာခဲ့သောကြောင့် အဆိုပါ အမှိုက် ဒိုက်များ၊ သစ်တုံးသစ်မြစ်များနှင့် ရွှံ့နွံများကို ယနေ့တိုင်ဖယ်ရှားနေရသည်။ ရာဇဂြိုဟ်ဆည်ကို ၂ဝဝ၃-၂ဝဝ၄ ဘဏ္ဍာနှစ်တွင် စတင်တည် ဆောက်ခဲ့ပြီး ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

MOS

#democracytoday

Rate this item
(0 votes)
back to top