HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

အင်းဝ သင်ဖြူးဖျာ ရက်လုပ်ငန်းများ ဟင်္သာတဘက်မှ သင်ပင်များ မှာယူ ရက်လုပ်နေရ

အင်းဝ သင်ဖြူးဖျာ ရက်လုပ်ငန်းများ ဟင်္သာတဘက်မှ သင်ပင်များ မှာယူ ရက်လုပ်နေရ

တံတားဦး၊ မေ ၂၂

မန္တလေး တိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမင်္ဂလာကျုံးထိပ်ရပ်ရှိ သင် ဖြူးရက်လုပ်ငန်း လုပ်ကိုင်သူများ သည် ယခင်က ကချင်ပြည်နယ် ဗန်းမော်နယ်မှဝယ်ယူသော သင် ပင်ကုန်ကြမ်းများ ဝယ်ယူမရတော့ သဖြင့် ယခုအခါ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတနယ်မှထွက် သောသင်ပင်များအား ဝယ်ယူရက် လုပ်နေရကြောင်း သိရသည်။ ယခင်က အင်းဝမင်္ဂလာကျုံး ထိပ်ရပ်တွင် သင်ဖြူးဖျာရက်လုပ် သည့် လုပ်ငန်းရှင်လေးဦးရှိရာ အ ဆိုပါလုပ်ငန်းရှင်များထံတွင် မှီခို လုပ်ကိုင်နေသော သင်ဖြူးဖျာရက် လုပ်သူများသည် ကချင်ပြည်နယ် ဗန်းမော်ဒေသထွက် သင်ပင်ကုန် ကြမ်းကို ကုန်သည်များနှင့် အချင်း ချင်းချိတ်ဆက်မှာယူ၍ နှစ်ယောက် အိပ်ဖျာ၊ တစ်ယောက်အိပ်ဖျာ၊ ကု လားထိုင်ခင်းဖျာများနှင့် ဘုရားခန်း သုံးဖျာများ ရက်လုပ်ရောင်းချခဲ့ကြ သည်။

''အခုရက်နေတဲ့ သင်ဖြူးဖျာ ကုန်ကြမ်းက ဧရာဝတီတိုင်းနဲ့ ရန် ကုန်ကသင်ပင်တွေ ဝယ်ရက်နေရတာပါ။ အရင်တုန်းက ဗန်းမော်နယ်ကဝယ်ရတာ။ အခုဟာက ဗန်း မော်မှာ သင်တောတွေမရှိတော့လို့ သင်ပင်ကလုံးဝ ဝယ်လို့မရတော့ ဘူး။ ဒါကြောင့် ဧရာဝတီတိုင်း ဟင်္သာတသင်ပင်က ဗန်းမော်ဘက် ကလာတဲ့ သင်လိုပဲ အပင်ရှည်တွေ ပါ။ ဈေးက ဗန်းမော်ထွက်သင်ပင် ထက် ပိုပေးရတယ်''ဟု အင်းဝကျုံး ထိပ်မှ သင်ဖြူးဖျာကုန်သည် ဦးသိန်း မောင်က ပြောသည်။ အင်းဝသင်ဖြူးဖျာလုပ်ငန်း များမှ အင်းဝပတ်ဝန်းကျင်ကျေးရွာ ရှိ သင်ဖျာရက်လုပ်တတ်သူများ အား သင်ပင်ကုန်ကြမ်းပေး၍ သင် အူဖျာနှင့် အကျောဖျာများရက်လုပ် စေကာ ပစ္စည်းအပ်စနစ်ဖြင့် အပ်နှံ ကြပြီး ရက်လုပ်ပြီးအူဖျာနှင့် အကျောဖျာများကို အင်းဝတွင် နှစ်ထပ်ချုပ်ခြင်း၊ အနီရောင် အဝတ်စဖြင့် အနားကွပ်ခြင်းများ ကိုပြုလုပ်ပြီးမှ ရောင်းချကြသည်။


အညာဒေသတွင် သင်ဖြူး ဖျာရက်လုပ် ရောင်းချသည့်လုပ် ငန်းကို တံတားဦးနယ်၊ အင်းဝနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်း ကြီးမြို့နယ်ကျေးရွာ ခုနစ်ရွာမှ ရက် လုပ်ရောင်းချကြပြီး ဆားလင်းကြီး နယ်ထွက်သင်ဖြူးဖျာများမှာ ချင်း တွင်းမြစ်အထက်ပိုင်း မော်လိုက်နှင့် ဟုမ္ပလင်းနယ်များမှ ထွက်ရှိသော သင်ပင်များဖြင့် ရက်လုပ်ခြင်းဖြစ် ရာ သင်စတိုသဖြင့် အင်းဝသင်ဖြူး လောက် ခိုင်ခဲ့မှုမရှိကြောင်း သိရ သည်။

DW

#democracytoday

Rate this item
(0 votes)
back to top