HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မွန်ပြည်နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အလုပ်အမှုဆောင်ကော်မတီတွင် ပါဝင်မည့် သထုံမြို့နယ် ကိုယ်စားလှယ် ရွေးကောက်ခြင်း အခမ်းအနားကျင်းပ  

မွန်ပြည်နယ် ပအိုဝ်းစာပေနှင့်  ယဉ်ကျေးမှုအဖွဲ့ အလုပ်အမှုဆောင်ကော်မတီတွင် ပါဝင်မည့် သထုံမြို့နယ် ကိုယ်စားလှယ် ရွေးကောက်ခြင်း အခမ်းအနားကျင်းပ   

သထုံ၊ မေ ၂၄

အသစ်ပြန်လည်ဖွဲ့စည်းမည့် မွန်ပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တွင် ပါဝင်ဆောင်ရွက်ကြ မည့် သထုံမြို့နယ်မှ ကိုယ်စားလှယ်ရွေးကောက်ခြင်းအခမ်း အနားကို မေ ၂၃ ရက် မွန်းလွဲပိုင်းက မွန်ပြည်နယ် သထုံ မြို့နယ်၊ နောင်ကုလားအလယ်ရွာတိုက်ကျောင်း၌ ကျင်းပခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင် မွန်ပြည်နယ်ပအိုဝ်းစာပေနှင့် ယဉ် ကျေးမှုအဖွဲ့နာယက ခွန်သိမ်းရွှေက အမှာစကားပြောကြားပြီး ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတစ်ဦးက ရွေးကောက် ပွဲနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြော ကြားကာ ရွေးကောက်ပွဲသို့ တက်ရောက်လာကြသည့် ပအိုဝ်း ကျေးရွာများမှ ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးခဲ့ကြ သည်။


''ဒီနေ့အခင်းအကျင်းမျိုးက ကျွန်တော်တို့ ပအိုဝ်းတိုင်းရင်း သားတွေနဲ့အရမ်းစိမ်းလွန်းတယ်။ ဒါပေမဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ ကျွန် တော်တို့ ပအိုဝ်းတိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ဒီမို ကရေစီစနစ်အတိုင်း ကိုယ်စားလှယ်ရွေးကောက်ပွဲတွေ ကျင်းပ နိုင်တာမို့လို့ ကျွန်တော့်အနေနဲ့အရမ်းဝမ်းသာဂုဏ်ယူမိပါ တယ်''ဟု မွန်ပြည်နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဒုဥက္ကဋ္ဌ ဦးခွန်ရင်ထွေးက ပြောသည်။


မွန်ပြည်နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အလုပ် အမှုဆောင်ကော်မတီကို ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ပေါင် မြို့နယ်တို့မှ ရွေးကောက်တင်မြှောက်ခဲ့ကြသော အရွေးချယ်ခံ ကိုယ်စားလှယ်များဖြင့် တစ်ပတ်အတွင်း ရွေးချယ်ခန့်အပ်သွား မည်ဖြစ်ကြောင်း သိရသည်။

ZMT

#democracytoday

Rate this item
(0 votes)
back to top