HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဧရာဝတီမြစ်အတွင်း ရေနစ် သေဆုံးခဲ့သည့် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းရှာဖွေတွေ့ရှိ

ဧရာဝတီမြစ်အတွင်း ရေနစ် သေဆုံးခဲ့သည့် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းရှာဖွေတွေ့ရှိ

စစ်ကိုင်း၊ မေ ၂၄ 

စစ်ကိုင်းမြို့ သောတာပန်ရပ်ကွက် လေးကျွန်း မာန်အောင်စေတီတော်ရှေ့ရှိ ဧရာဝတီမြစ်အ တွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးခဲ့သည့် ကလေးငယ် တစ်ဦး၏ရုပ်အလောင်းကို မေ ၂၄ ရက် နံနက်ပိုင်းက ဧမြ ဝတီရပ် မြစ်ဆိပ်တွင် တွေ့ရှိခဲ့ကြောင်းသိရသည်။

ရေနစ်ပျောက်ဆုံးသူမှာ စစ်ကိုင်းမြို့ဇေယျာကွက် သစ် ရပ်၊ သစ္စာပါရမီချောင်တွင် နေထိုင်သည့် မောင်----(၁၃)နှစ်ဖြစ်ပြီး ¤င်းမှာ တောင်ကြီးမြို့မှ စစ်ကိုင်းမြို့သို့ လာ ရောက်၍ ပညာသင်နေသည့် ကျောင်းသားတစ်ဦးဖြစ်ကာ မေ ၂၂ ရက်တွင် သစ္စာပါရမီချောင်မှ အတူနေထိုင်သူများ နှင့် သောတာပန်မြစ်ဆိပ်သို့ ရေချိုးသွားရာမှ ဧရာဝတီမြစ် အတွင်း ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။


အဆိုပါရေနစ်ပျောက်ဆုံးခဲ့သူအား ဒေသခံပြည်သူ များ၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း) (SERTRESUCE)၊ သုခကာရီ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်း တို့မှ ¤င်း၏ရုပ်အလောင်းအား ရှာဖွေဆောင်ရွက်ပေးခဲ့ရာ သုံးရက်အကြာ မေ ၂၄ ရက် နံနက်ပိုင်းတွင် ဧမြဝတီရပ်ကွက် အစေခံ ခံတပ်ဆိပ်ကမ်းအနီး၌ရှာဖွေတွေ့ရှိခဲ့ပြီး ရုပ်အလောင်း ကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)နှင့် အိုးဘိုရပ်ျွနျခကန အဖွဲ့တို့က စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ သယ် ယူပို့ဆောင်ခဲ့ကြောင်း သိရသည်။

DW

#democracytoday

Rate this item
(0 votes)
back to top