HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဖလမ်းမြို့၌ တည်ဆောက်နေသော ဆူရ်ဘုန်လေယာဉ်ကွင်း၌ ၂ဝ၂ဝ စက်တင်ဘာလတွင် လေယာဉ် ဆင်းသက်နိုင်တော့မည်

ဖလမ်းမြို့၌ တည်ဆောက်နေသော ဆူရ်ဘုန်လေယာဉ်ကွင်း၌ ၂ဝ၂ဝ စက်တင်ဘာလတွင် လေယာဉ် ဆင်းသက်နိုင်တော့မည်

ဖလမ်း၊ ဇွန် ၁ဝ

၂ဝ၁၅-၂ဝ၁၆ ဘတ်ဂျက်မှစတင်၍ ချင်းပြည်နယ် ၌ ပထမဆုံးတည်ဆောက်လျက်ရှိ သော ဖလမ်းမြို့ ဆူရ်ဘုန်လေယာဉ် ကွင်းမှာ ယခုအခါ ၆ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည့်အတွက် ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလတွင် လေယာဉ်များ စတင်ဆင်းသက်နိုင် တော့မည်ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးထံကသိရသည်။ ''ဖလမ်းဆူရ်ဘုန်လေယာဉ် ကွင်းသစ်တည်ဆောက်ရေးလုပ်ငန်းမှာ မြေထိန်းနံရံတွေတည်ဆောက် မှုကတော့ တစ်ဖက်ပြီးစီးသွားပြီ။ အခြားတစ်ဖက် ကျန်ပါသေးတယ်။ အခုတည်ဆောက်နေတယ်၊ ၂ဝ၂ဝ ပြည့်နှစ်စက်တင်ဘာလမှာ လေယာဉ် ဆင်းသက်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ လိုတဲ့ဘတ်ဂျက်လည်းထပ် မံအသုံးပြုသွားမှာပါ'' ဟု လေ ကြောင်းပို့ဆောင်ရေး၊ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောကြား သည်။

ဆူရ်ဘုန်လေယာဉ်ကွင်းမှာ တောင်တန်းများပေါ်၌ တည်ဆောက် နေသည့်လေယာဉ်ကွင်းဖြစ်သည့်အတွက် မြေထိန်းနံရံများတည် ဆောက်ခြင်းလုပ်ငန်း ထက်ဝက် ကျော်ပြီးစီးနေပြီး လေယာဉ်ပြေး လမ်းတည်ဆောက်ခြင်း၊ မြေဖို့ခြင်းနှင့်တောင်ဖြိုချခြင်းလုပ်ငန်များ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။ အဆိုပါလေယာဉ်ကွင်း၌ ATR လေယာဉ်များ ဆင်းသက် ရပ်နားမည်ဖြစ်ပြီး ပြည်နယ်မြို့တော် ဟားခါးအပါအဝင် ဖလမ်း၊ မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်း ရိဒ်၊ တီးတိန်နှင့်ထန်တလန် မြို့များမှ ခရီးသွားများ၊ ပြည်တွင်း ပြည်ပခရီးသွားများအနေဖြင့် လေဆိပ်ရှိရာ မြို့များသို့ နာရီပိုင်း အတွင်း သွားလာနိုင်တော့မည် ဖြစ်သည်။


ဆူရ်ဘုန်လေယာဉ်ကွင်းကို ဖလမ်းမြို့အနီး ဆူရ်ဘုန်တောင်၏ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၆ဝဝဝ တွင် တည်ဆောက်ထား ခြင်းဖြစ်ပြီး ဖလမ်းမြို့နှင့် ရှစ်မိုင်ဝန်း ကျင်ကွာဝေးကြောင်းသိရသည်။ လေယာဉ်ကွင်း၏ပြေးလမ်း အရှည်မှာ ပေ ၆ဝဝဝ၊ အကျယ် ပေ ၁ဝဝ၊ လေယာဉ်ရပ်နားစခန်း မှာ အလျားပေ ၂၅ဝ နှင့်အကျယ် ပေ ၂၅ဝ ရှိကြောင်း သိရသည်။

MOS

#democracytoday

Rate this item
(0 votes)
back to top