HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မြန်မာနိုင်ငံ ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း စစ်ကိုင်းတိုင်း အလုပ်အမှုဆောင်များ ကတိသစ္စာခံ  

မြန်မာနိုင်ငံ ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း  စစ်ကိုင်းတိုင်း အလုပ်အမှုဆောင်များ ကတိသစ္စာခံ   

မုံရွာ၊ ဇွန် ၁ဝ

မြန်မာနိုင်ငံရင်ခွင် မဲ့ကလေးငယ်များ လျှော့ချရေး နှင့်ကာကွယ်စောင့်ရှောက်ရေး အသင်း စစ်ကိုင်းတိုင်းဒေသကြီးအ ဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အသင်းဝင်များ ကတိသစ္စာခံယူပွဲ ကို မုံရွာမြို့ မြို့တော်ခန်းမတွင် ဇွန် ၁ဝ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင်ရှစ်ခရိုင်နှင့် မြို့နယ် ၃ဝ တွင် အသင်းများဖွဲ့စည်းထားပြီး မော် လိုက်ခရိုင်၊ ခန္တီးခရိုင်နှင့်နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ မြို့ နယ် ခုနစ်မြို့နယ်တွင် ဖွဲ့စည်းရန် ကျန်ရှိနေသေးကြောင်း သိရသည်။

''ခုအချိန်မှာ သက်ငယ်မုဒိမ်းက Hot Issue  ဖြစ်နေတယ်။ ဒါ တွေ ပပျောက်အောင် အောက်ခြေ ထိလုပ်ရမယ်။ တိုက်ပွဲတွေဖြစ်ရင် ရင်ခွင်မဲ့ကလေးတွေ များလာတယ်။ အဲဒါတွေအတွက် ငြိမ်းချမ်းရေးက အရေးကြီးတယ်။ စစ်ပွဲတွေမရှိမှ ရင်ခွင်မဲ့ကလေးတွေ ပပျောက်မယ်'' ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုး သမီးကော်မတီ(စစ်ကိုင်းတိုင်း)ဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက ပြောသည်။


အဆိုပါအသင်းမှ သက်ငယ် မုဒိမ်းမှုကျူးလွန်ခြင်းများ၊ Single Mother တစ်ကိုယ်ရေမိခင် ထပ်မ ဖြစ်ရေး၊ မျိုးဆက်ပွားကျန်းမာရေး အသိပညာများ ဖြန့်ဝေခြင်းများ၊ ရင်ခွင်မဲ့ဖြစ်ပြီးသော ကလေးငယ်များကို ပံ့ပိုးကူညီစောင့်ရှောက်ခြင်း များအား လုပ်ဆောင်သွားမည်ဖြစ် ပြီး ယခင်အသင်းအလုပ်အမှု ဆောင်များမှာ အမျိုးသားများဖြစ် နေခြင်း၊ အချို့မှာ ဌာနဆိုင်ရာဝန် ထမ်းများဖြစ်နေသောကြောင့် ၂ဝ၁၉ ခုနှစ် မတ် ၁၄ ရက်က တိုင်း အဆင့်နှင့်မုံရွာခရိုင်အဆင့်အသင်း များကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအသင်း ဥက္ကဋ္ဌ ဒေါ်မာမာဝင်းကပြောကြား သည်။

KTS

#democracytoday

Rate this item
(0 votes)
back to top