HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

လပွတ္တာမြို့နယ်တွင် ဓားကိုင် ရမ်းကားနေသူကို ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီး  

လပွတ္တာမြို့နယ်တွင် ဓားကိုင် ရမ်းကားနေသူကို  ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီး   

လပွတ္တာ၊ ဇွန် ၁၁

လပွတ္တာမြို့နယ် အတွင်း ဓားကိုင်ရမ်းကားနေသူကို ရဲတပ်ဖွဲ့မှတားဆီးရာ တုတ်ဖြင့်ရိုက် ရင်းပြေးဝင်လာသဖြင့် ပစ်ခတ်ဖမ်း ဆီးခဲ့ရကြောင်းသိရသည်။ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ရွှေမိတ်ကျေးရွာနေ ကျော်မျိုး(၃ဝ)နှစ်မှာ ကျေးရွာအတွင်း ဓားကိုင်ရမ်းကားနေကြောင်း ၎င်းင်း၏ဇနီး မငွေဇင်ဦးက တိုင်တန်း၍ ဇွန် ၁ဝ ရက် ညပိုင်းက ရဲတပ်ဖွဲ့မှ သွားရောက်တားဆီး ထိန်းသိမ်းစဉ် ကျော်မျိုးမှ ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုခြိမ်းခြောက်ပြီး တုတ်ဖြင့်ရိုက် ရန်ပြေးဝင်လာသဖြင့် ရဲတပ်ဖွဲ့ဝင်က သတိပေးပစ်ခတ်ခဲ့ရာ ကျော်မျိုး တွင် ဝမ်းဗိုက်/ယာလက်ဖျံ ပေါက် ပြဲဒဏ်ရာများရရှိကာ ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသိရသည်။ ကျော်မျိုး၏ လွယ်အိတ်အတွင်း မှ လေးခွတစ်လက်၊ အရှည်ရှစ် လက်မခန့်ရှိ စကေဘာတစ်ချောင်းရှာဖွေတွေ့ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာ ရှိတစ်ဦးက ''ပြန်လည်ခုခံလာလို့ ပစ်ခတ်ဖမ်းဆီးခဲ့ရတာ။ သူ့ကိုအမှု နှစ်မှုဖွင့်ထားတယ်။ သူ့ဒဏ်ရာက တော့ စိုးရိမ်စရာမရှိဘူး''ဟု ဒီမိုကရေစီတူဒေး၏မေးမြန်းမှုကို ဇွန် ၁၁ ရက်ကပြောသည်။ ယင်းအမှုနှင့်ပတ်သက်ပြီး လပွတ္တာမြို့နယ် ကန်ဘက်နယ်မြေရဲ စခန်းတွင် (ပ)၁၃၇/၂ဝ၁၉၊ တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ပြည်သူ့ ဝန်ထမ်းကို ဟန့်တားရန်လက်ရောက် မှုပုဒ်မ ၃၅၃၊ ညစ်ညမ်းသောပြုလုပ် မှုပုဒ်မ ၂၉၄၊ ရာဇဝတ်မကင်းသော ခြောက်လှန့်မှုပုဒ်မ ၅ဝ၆ ဖြင့်လည်း ကောင်း၊ (ပ) ၁၃၈/၂ဝ၁၉၊ လက် နက်ဥပဒေပုဒ်မ၁၉(င)ဖြင့် ကျော်မျိုး ကို အမှုဖွင့်အရေးယူထားသည်။


ပြည်သူလူထု၏ ဘေးကင်းလုံ ခြုံမှုနှင့် အသက်အန္တရာယ်ကိုခြိမ်း ခြောက်သည့် လက်နက်ကိုင်ရမ်းကား မှုများ၊ ခြိမ်းခြောက်မှုများကို ပိုမို ထိရောက်ပြတ်သားစွာ ထိန်းသိမ်း အရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ပြည်နယ်/တိုင်း တပ်ဖွဲ့အသီးသီးသို့ ညွှန်ကြားထား ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇွန် ၇ ရက် မွန်းလွဲ ပိုင်းကလည်း ပဲခူးမြို့တွင် ဓားရှည် ကိုင်ရမ်းကားနေသူ သုံးဦးကို ပစ် ခတ်ဖမ်းဆီးခဲ့ရသည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top