HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မင်းဝံတောင် ဘေးမဲ့ကာကွယ်တော ကြားခံနယ်အတွင်း၌ ဒေသခံများအတွက် ကျောက်လုပ်ကွက် ၄၁ ဧက ချထားပေးသွားမည်  

မင်းဝံတောင် ဘေးမဲ့ကာကွယ်တော ကြားခံနယ်အတွင်း၌ ဒေသခံများအတွက် ကျောက်လုပ်ကွက် ၄၁ ဧက ချထားပေးသွားမည်   

စစ်ကိုင်း၊ ဇွန် ၁၁

စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့အနီး မင်းဝံ တောင် ဘေးမဲ့ကာကွယ်တော၌ တည်ရှိသော ကြားခံနယ်မြေ (Buffer Zone) အတွင်း တရားမဝင် ကျောက်တူးလုပ်ငန်း လုပ်ကိုင်သူများရှိသည့်အတွက် တရားဝင် ကျောက်တူးဖော်ရေး လုပ်ကွက်အ ဖြစ် ၄၁ ဧကအား ချထားပေးသွား မည်ဖြစ်ကြောင်း သိရသည်။ မင်းဝံတောင် ဘေးမဲ့ကာကွယ် တောကို အသစ် ပြန်လည်ဖွဲ့စည်း သတ်မှတ်ရန် ၂ဝ၁၈ ခုနှစ် ဒီဇင် ဘာလမှ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ လအထိ သက်ဆိုင်ရာဌာန ပေါင်းစုံ ပါဝင်သော အဖွဲ့ဖြင့် ကွင်းဆင်း ဆောင်ရွက်ခဲ့ရာ ဘေးမဲ့ကာကွယ် တော ဧရိယာအတွင်းမှ အမာခံ ထိန်းသိမ်းရေးနယ်မြေ (CORE AREA)နှင့် ကြားခံနယ်မြေ (Buffer Zone Area)များအား သတ်မှတ် တိုင်းထွာမှု ပြုလုပ်နိုင်ခဲ့သည်။

''မင်းဝံတောင်ဒေသမှာ ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ဒေသခံတွေရှိတယ်။ သူတို့ရဲ့ စားဝတ်နေရေးအတွက် ကြားခံနယ် မြေ(Buffer Zone)အတွင်း ပါတဲ့ နေရာတွေကို တရားဝင် ကျောက် လုပ်ကွက် ချပေးနိုင်ဖို့ပါ။ ဘေးမဲ့ တော ပြင်ဆင်သတ်မှတ်မယ့် ဧရိ ယာအတွက် နေပြည်တော်ရုံးချုပ် က ပြန်ကျလာရင် လုပ်ကွက်ချပေး ပါမယ်။ လက်ရှိလုပ်ကိုင်နေတဲ့ ဒေ သခံတွေ ဦးစားပေးချထားမှာပါ။ ပြင်ပက လာရောက်လုပ်မယ်ဆိုရင် တော့ ခရိုင်အုပ်ချုပ်ရေး ဦးစီးဌာန မှာ တရားဝင် လျှောက်ထားရပါ မယ်''ဟု မြို့နယ် သစ်တောဦးစီးမှူး ဦးညွန့်လှိုင်က ပြောကြားသည်။


မင်းဝံတောင် ဘေးမဲ့ကာကွယ် တောမှာ မူလဧရိယာ ၅ဝ၈၇၄ ဧက ရှိပြီး အသစ် ပြန်လည်သတ်မှတ်မည့် ၁၄၂၂၃ ဧကအနက်မှ မင်းဝံ တောင်ရိုးဧက ၃ဝဝဝ အား အမာ ခံ ထိန်းသိမ်းရေးနယ်မြေ (Core Area)နှင့် ၁၁၂၂၃ ဧကအား ကြား ခံနယ်မြေ (Buffer Zone) အဖြစ် သတ်မှတ်ပြီး ပြန်လည်သတ်မှတ်သည့် ကြားခံနယ်မြေအတွင်း၌ ကျောက်တူးဖော်ရေး လုပ်ကွက် ၄၁ ဧကအား ချထားပေးမည်ဖြစ်ကာ အမာခံနယ်မြေ (Core Area)အတွင်း၌ သစ်ခုတ်ခြင်း၊ ကျောက်တူး ခြင်းစသည့် အခြားနည်းသုံးစွဲမှုများ ပြုလုပ်ပါက ဥပဒေအရ ထိထိရောက် ရောက် အရေးယူသွားမည်ဖြစ်ပါ ကြောင်း သိရသည်။

DW

#democracytoday

Rate this item
(0 votes)
back to top