HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ပြင်ဦးလွင်မြို့နယ် ဒီးဒုတ်ရေတံခွန် ဆင်စခန်းကို ဇန်နဝါရီ ၂ဝ ရက်ဖွင့်မည်၊ ဖွင့်ပွဲရက်တွင် အခမဲ့ ဝင်ရောက်နိုင်မည်

ပြင်ဦးလွင်မြို့နယ် ဒီးဒုတ်ရေတံခွန် ဆင်စခန်းကို  ဇန်နဝါရီ ၂ဝ ရက်ဖွင့်မည်၊ ဖွင့်ပွဲရက်တွင် အခမဲ့ ဝင်ရောက်နိုင်မည်

ပြင်ဦးလွင်၊ ဇန်နဝါရီ ၁၁

မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသွား ကားလမ်း၊ မကျည်းအင်းကျေးရွာ ကိုးမိုင်သုံးဖာလုံတွင် မန္တလေးတိုင်း ဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ဆောင်ရွက်နေဆဲဖြစ်သည့် ဒီးဒုတ် ရေတံခွန်ဆင်စခန်းကို ယခုဇန်နဝါရီ ၂ဝ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း မြန်မာ့သစ်လုပ်ငန်း(မန္တ လေးတိုင်းဒေသကြီး)ထံမှ သိရသည်။

 

''ဆင်စခန်းတည်ဆောက်ဖို့ နိုဝင်ဘာလကုန်ခါနီးအချိန်ကတည်းက လုပ်နေခဲ့တာ။ ဒီဇင်ဘာလကုန်မှာဖွင့်ဖို့ရာ မဖွင့်နိုင်ခဲ့ဘူး။ အခု တော့ပြီးသွားပါပြီ။ ဇန်နဝါရီ ၁၃ ရက်မှာ အစမ်းလေ့ကျင့်မှုပြုလုပ်မယ်။ ၂ဝ ရက်မှာစဖွင့်မယ်။ ဖွင့်ပွဲ နေ့မှာတော့ ဝင်ကြေးအခမဲ့ဖြစ်ပြီး ဆင်စီးခတော့ ပေးရမယ်။ ပြည်သူတွေ အပန်းဖြေနိုင်ဖို့နဲ့ စားသောက်နိုင်ဖို့ ဝန်ထမ်းတွေကပဲ ဆိုင်အသေး စားလေးတွေဖွင့်မယ်။ အဓိကက တော့ ဆင်အစာရောင်းမယ်။ သဘာဝရှုခင်းကြည့်မယ်။ ဆင်စီးမယ်''ဟု မြန်မာ့သစ်လုပ်ငန်း(မန္တလေးတိုင်းဒေသကြီး)မန်နေဂျာဦးအောင် မြင့်ဌေးက ယနေ့တွင် ဒီမိုကရေစီ တူဒေးသို့ ပြောကြားခဲ့သည်။ အဆိုပါဆင်စခန်းတွင် ဆင် ခြောက်ကောင်ဖြင့် ပြသသွားမည် ဖြစ်ပြီး ဝင်ကြေးအဖြစ်တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝ နှုန်း၊ ဆင်စီးခငွေ ကျပ် ၃ဝဝဝ နှုန်းသတ်မှတ်ထားသည်။



MTK

#democracytoday

Rate this item
(0 votes)
back to top