HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

တောင်တွင်းကြီး၌ အမည်မသိ အမျိုးသားတစ်ဦး ရထား ကြိတ်ခံရပြီး သေဆုံး

တောင်တွင်းကြီး၌ အမည်မသိ အမျိုးသားတစ်ဦး ရထား ကြိတ်ခံရပြီး သေဆုံး

တောင်တွင်းကြီး၊ ဖေဖော်ဝါရီ ၁၂

မကွေးတိုင်းဒေသကြီး တောင်တွင်း ကြီးမြို့ အုန်းတော(၂)ရပ်ကွက်အနီး ရထားလမ်းတွင် အမည်မသိအမျိုးသားတစ်ဦး ရထားကြိတ်ခံရပြီး သေဆုံးနေကြောင်း တောင်တွင်းကြီးမြို့မရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ တောင်တွင်းကြီး မြို့ အုန်းတော(၂)ရပ်ကွက်အနီး ရထားလမ်းတွင် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၆ နာရီက လူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ တောင်တွင်းကြီးမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းထွန်းနှင့်အဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ သေဆုံး နေသူမှာ အုန်းတော(၂)ရပ်ကွက် ရထားလမ်းမိုင်တိုင်အမှတ်(၂၉၁/ ၉-၁ဝ)အကြားရထားသံလမ်းပေါ်တွင် အပြာရောင်ဂျင်းဘောင်းဘီရှည်၊ မီးခိုးရောင်အနွေးထည်၊ အနက်ရောင်ကတ္တီပါဖိနပ်ဝတ်ဆင်ထားပြီး ခြေထောက်နှင့်လက်များတွင် ဆေးမင်များထိုးထားသည့် အသက်(၂၅)နှစ်အရွယ်ခန့်ရှိ အမည်မသိအမျိုးသားတစ်ဦး(လိပ်စာ-စုံစမ်းဆဲ)(အရက်မူး၍ လဲနေသည်ဟုယူဆရ၊ ၎င်း၏နံဘေးတွင် အန်ဖက်များတွေ့ရှိရ)ဖြစ်ကာ ယာ ခြေချင်းဝတ်ကြေမွဒဏ်ရာ၊ ဝဲ/ ယာလက်မောင်းရင်းပြတ်ဒဏ်ရာ၊ ယာလက်ချောင်းများပြတ်ဒဏ်ရာ၊ ဝဲမျက်လုံးဘေးပွန်းပဲ့ဒဏ်ရာများ ဖြင့် သေဆုံးနေသည်။


အဆိုပါအမည်မသိအမျိုးသားအား ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၄ နာရီခန့်တွင် တောင်တွင်းကြီး-ပျဉ်းမနား(၁ဝ၄)အစုန် လော်ကယ် ရထားစက်ခေါင်းမောင်း ဦးမောင် မောင်ကြည် မောင်းနှင်သော စက် ခေါင်းအမှတ် DF-1201 မှ ကြိတ်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဒုရဲမှူးသိန်းထွန်းက တရားလိုပြုတိုင်ကြားခဲ့၍ တောင်တွင်းကြီးမြို့နယ် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၃/၂ဝ၁၈ ဖြင့် အမှု ဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

 

TN

#democracytoday

Rate this item
(0 votes)
back to top