HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

အလှူရှင်များ၏ ထည့်ဝင်ငွေဖြင့် မြဝတီမြို့၌ ခေတ်မီဘောလုံးကွင်း တည်ဆောက်

အလှူရှင်များ၏ ထည့်ဝင်ငွေဖြင့်  မြဝတီမြို့၌ ခေတ်မီဘောလုံးကွင်း တည်ဆောက်

မြဝတီ၊ ဖေဖော်ဝါရီ ၁၂

ကရင်ပြည်နယ် မြဝတီမြို့တွင် စည်ပင် ကော်မတီမှ ဘောလုံးကွင်းအသစ်တစ်ခုအားတည်ဆောက်နေ ကြောင်း သိရသည်။

 

''ကျွန်တော်တို့ မြဝတီမြို့မဘောလုံးကွင်းကြီးကို ကရင်ပြည်နယ် အစိုးရဘတ်ဂျက်ရန်ပုံငွေ ကျပ်သိန်း ၉ဝဝ ကျော်အသုံးပြုပြီး ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလကစပြီး ခေတ်မီဘောလုံးကွင်းကြီးအဖြစ် အကြီးစား ပြင်ဆင်ဆောင်ရွက်နေတာမပြီးစီးသေးတဲ့အတွက် ဘောလုံးပြိုင်ပွဲ တွေ၊ ကျင်းပနိုင်ခြင်းမရှိခဲ့တာ နှစ်နှစ်ရှိပါပြီ။ ဒါကိုမြဝတီစည်ပင် ကော်မတီဥက္ကဋ္ဌဦးသန်းရွှေ ဦးဆောင်ပြီး အမှတ်(၁) ရပ်ကွက်၊ ခွန်ဆာ ဝင်းအတွင်းမှာရှိတဲ့မြေနှစ်ဧကကျော်ကို ဒေသအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့စက်ယန္တရားတွေအသုံးပြုပြီး ဘောလုံးကွင်းတည် ဆောက်နေတာကို ကျွန်တော်တို့ကလာရောက်ပူးပေါင်းဆောင်ရွက်ပေးနေတာပါ''ဟု မြဝတီခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိုင်းထွန်းဇော်က ပြော ကြားသည်။


''ဘောလုံးကစားချင်သူတွေ နေ့စဉ်ကစားနိုင်အောင်နဲ့ ပြိုင်ပွဲတွေ ကျင်းပနိုင်အောင် ဒေသအကြီးအကဲတွေရဲ့ခွင့်ပြုချက်နဲ့ ကျွန်တော်နဲ့ စည်ပင်ကော်မတီအဖွဲ့ဝင် ဦးစိန်သောင်းတို့နှစ်ဦးက ကျပ်သိန်း ၂ဝဝ မတည်ပြီးစေတနာရှင်တွေရဲ့ ထည့်ဝင်လှူဒါန်းငွေတွေနဲ့အခုလို ဘောလုံးကွင်းအသစ်တစ်ခုတည်ဆောက်တာပါ''ဟု မြဝတီမြို့စည်ပင် ကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေက ပြောသည်။ အဆိုပါမြေနေရာတွင် မြဝတီစည်ပင်ကော်မတီမှ ဘောလုံးကွင်းအသစ်တစ်ခုအဖြစ် ဖေဖော်ဝါရီ ၅ ရက်မှစတင်ဆောင်ရွက်လျက်ရှိ ပြီး စုစုပေါင်းကျပ်သိန်း ၃ဝဝ ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

 

KKTM(MWD)

#democracytoday

Rate this item
(0 votes)
back to top