Tuesday, 10 April 2018 13:41

သင်္ကြန်အကြိုနှင့် သင်္ကြန်ကာလ မှုခင်းကျဆင်းရေးအတွက် မကွေးမြို့၌ ရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းများ ဆောင်ရွက်

Written by ZZ
Rate this item
(0 votes)

မကွေး၊ ဇပြီ ၉

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ်ရပ်ကွက်များအတွင်း သင်္ကြန်အကြိုကာလမှုခင်း လျော့နည်းကျဆင်းရေးအတွက် လှည့်ကင်းများစတင်ဆောင်ရွက် နေကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ မကွေးတိုင်းဒေသကြီး တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး၏လမ်းညွှန်ချက်အရ ဒုတိယတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရဲမှူးကြီးလှသန်းက အနီး ကပ်ကြီးကြပ်၍ ရဲအကူတပ်ဖွဲ့ခွဲ၊ မကွေးခရိုင်ရဲတပ်ဖွဲ့၊ မကွေးမြို့နယ် ရဲတပ်ဖွဲ့တို့မှ ရဲတပ်ဖွဲ့ဝင် ၆ဝ ဦးတို့ဖြင့် မကွေးမြို့ပေါ်ရပ်ကွက်များအတွင်း သင်္ကြန်အကြိုကာလမှုခင်း လျော့နည်းကျဆင်းရေးအတွက် မီးတန်းယာဉ်ပါကားငါးစီး၊ မော် တော်ဆိုင်ကယ် ၁ဝ စီးတို့ဖြင့် ည နေပိုင်းမှ ညပိုင်းအထိမြို့ပေါ်လမ်းများတွင် လှည့်ကင်းများဆောင် ရွက်ကြသည်။


''လှည့်ကင်းလှည့်ရတဲ့အ ကြောင်းကတော့ ဒုစရိုက်သမား တွေအုပ်စုဖွဲ့ရန်ရှာတတ်တဲ့ ဆိုး သွမ်းလူငယ်တွေမူးယစ်ရမ်းကားသူတွေ၊ လုယက်မှုတွေ၊ မဖြစ်ပွား စေဖို့အင်အားများများသုံးပြီး ကင်းလှည့်ရခြင်းဖြစ်ပါတယ်။ မှုခင်းကြိုတင်ကာကွယ်ရေးဆိုတဲ့နေရာမှာ ကြိုတင်ကာကွယ်မှု ၁ဝ မျိုးရှိပါတယ်။ အဲဒီမှုခင်းတွေမဖြစ်ပွား စေဖို့၊ လျော့နည်းပပျောက်စေဖို့ ဆောင်ရွက်ရာမှာ စီမံချက်ချမှတ် ပြီး လှည့်ကင်းသာမက ရပ်ကင်း တွေပါထုတ်ပြီးဆောင်ရွက်နေပါ တယ်''ဟု မကွေးအမှတ်(၂) နယ် မြေရဲစခန်းမှ ဒုရဲအုပ်အာကာလွှမ်းမိုးကပြောသည်။ လှည့်ကင်းများဆောင်ရွက်ရာတွင် မကွေးမြို့မြို့တွင်းလမ်းမျာသို့ ဧပြီ ၁ ရက်မှ သင်္ကြန်ကာလပြီးသည် အထိ လှည့်ကင်းဆောင်ရွက်ကြ မည်ဖြစ်ကြောင်းသိရသည်။ 

ZZ

#democracytoday

Read 150 times
Login to post comments