HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မြဝတီ ကျောက်လုံးကြီး မြန်မာလုပ်သား ကြိုဆိုရေးစခန်းကို မေလကုန်တွင် ပိတ်သိမ်းရမည်

မြဝတီ ကျောက်လုံးကြီး မြန်မာလုပ်သား ကြိုဆိုရေးစခန်းကို မေလကုန်တွင် ပိတ်သိမ်းရမည်

မြဝတီ၊ မေ ၁၄

ထိုင်းမှနေရပ် ပြန် မြန်မာလုပ်သားများကိုကြိုဆို နေသည့် မြဝတီကျောက်လုံးကြီး ကြိုဆိုရေးစခန်းကို မေလကုန်တွင် ပိတ်သိမ်းရန် အလုပ်သမားဝန်ကြီးဌာနမှ ကရင်ပြည်နယ်အစိုးရထံ စာပို့ထားကြောင်း သိရသည်။

ထိုင်း၌ အလုပ်သွားရောက်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများသည် အကြောင်းမျိုးစုံ ဖြင့် နေရပ်ပြန်လည်ဝင်ရောက်မှုများကို ကြိုဆိုရန်အတွက် ၂ဝ၁၇ ခုနှစ် ဇွန်လမှစ၍ ဖွင့်လှစ်ထားခဲ့သည့် ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၄) ရပ်ကွက်၊ ကျောက်လုံးကြီးလမ်းရှိ မြန်မာအလုပ်သမားများ ပြန်လည်ကြိုဆိုရေးစခန်းကို ယခုမေလကုန်မှစ၍ ပိတ်သိမ်းရန်အတွက် အလုပ်သမားလူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကရင်ပြည်နယ်အစိုးရ အဖွဲ့ထံသို့ အကြောင်းကြားစာ ပေးပို့ထားပြီးဖြစ်ကြောင်း မြဝတီမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနဦးစီးအရာရှိ ဦးတင့်နိုင်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

 

''ကျွန်တော်တို့ကတော့ ထိုင်းနိုင်ငံကပြန်လာနေကြတဲ့ အလုပ်သမားတွေကို ခုချိန်ထိ ကြိုဆိုလက်ခံပေးနေပြီး အစစအရာရာကူညီ ဆောင်ရွက်ပေးနေပါတယ်။ ဒါပေမဲ့ ထိုင်း-မြန်မာတာဝန်ရှိသူတွေ နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်မှုအရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကနေပြီး ကရင်ပြည်နယ်အစိုးရထံ မေလကုန်လောက် ပိတ်သိမ်းနိုင်ဖို့ စာထွက်ထားပါတယ်။ ဒါ ကြောင့် ခန့်မှန်းအနေနဲ့ မေ ၃၁ ရက်မှာ မြဝတီပြန်လည်ကြိုဆိုရေးစခန်းကို ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်''ဟု မြဝတီ ခရိုင်အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင့်နိုင် ကပြောကြားသည်။အလုပ်လုပ်ကိုင်ခဲ့ကြသည့် အ ထောက်အထားမဲ့ မြန်မာအလုပ်သမား အမျိုးသား ၂၁ဝ ဦး၊ အမျိုးသမီး ၅၈ ဦး စုစုပေါင်း ၂၆၈ ဦးသည် မေ ၁၃ ရက် ညနေ ၅ နာရီက မြ ဝတီမြို့ အမှတ် (၄) ရပ်ကွက် ကျောက်လုံးကြီးလမ်းရှိ ပြန်လည်ကြိုဆိုရေးစခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။


''ဒီစခန်းက အရင်ကတော့ နေရပ်ပြန်တွေများလို့ လိုအပ်ချက်အရ ယာယီဖွင့်ထားတာပေါ့။ ယာယီမို့လို့ ပြန်ပိတ်ရမှာ။ အဲဒီအတွက် ဒီလကုန်ပိတ်ဖို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ကို စာပို့ထားတာ တော့မှန်တယ်။ သို့ပေမဲ့ တကယ်ပိတ်ဖြစ် မဖြစ်ကတော့ သေချာပြောလို့မရသေးဘူး''ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။ ''ကျွန်တော်တို့ မဟာချိုင်မြို့ နယ်က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာလုပ်တာ နှစ်နှစ်ကြာလုပ်ခဲ့ပါတယ်။ ပင်ပန်းပေမယ့် တစ် နေ့လုပ်ခ ဘတ် ၃၅ဝ ရပါတယ်။ သွားတုန်းက ပွဲစားနဲ့သွားခဲ့ပြီး အ ထောက်အထား ဘာမှမရှိဘူး။ အလုပ်ရှင်ကလည်း လုပ်မပေးဘူး။ ထိုင်းပုလိပ်တွေလာရင်အထောက် အထားမရှိတော့ ပုန်းနေရ၊ ရှောင် နေရတယ်''ဟု ချင်းပြည်နယ် ဟား ခါးမြို့မှ ကိုအောင်သူရက ပြောသည်။


မြဝတီကြိုဆိုရေးစခန်းသို့ ထိုင်းမှပြန်လာသော မြန်မာအလုပ်သမား စုစုပေါင်းမှာ ၂ဝ၁၇ ခုနှစ် ဇွန် ၁၉ ရက်မှ ၂ဝ၁၈ ခုနှစ် မေ ၁၃ ရက်ထိ အမျိုးသား ၅၅၁၇၇ ဦး၊ အမျိုးသမီး ၂ဝ၉၅၈ ဦး စုစု ပေါင်း ၇၆၁၃၅ ဦးဖြစ်ကြောင်း သိရသည်။


KKTM(MWD)

#democracytoday

Rate this item
(0 votes)
back to top