HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဖားကန့် ကျောက်မျက် ကုမ္ပဏီနှစ်ခု မီးရှို့ ဖျက်ဆီးခံရမှုဖြင့် လူ ၅ဝ ကျော်ကို ဖမ်းဆီးထား၊ နှစ်တန်ခန့်ရှိ ကျောက်စိမ်း အရိုင်းတုံး ပျောက်ဆုံး  

ဖားကန့် ကျောက်မျက် ကုမ္ပဏီနှစ်ခု မီးရှို့ ဖျက်ဆီးခံရမှုဖြင့် လူ ၅ဝ ကျော်ကို ဖမ်းဆီးထား၊ နှစ်တန်ခန့်ရှိ ကျောက်စိမ်း အရိုင်းတုံး ပျောက်ဆုံး   

ရန်ကုန်၊ မေ ၁၄

ဖားကန့်မြို့နယ်ရှိ ကျောက်မျက်ကုမ္ပဏီနှစ်ခု မီးရှို့ ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး လူ ၅၃ ဦးကို ဖမ်းဆီးထားကြောင်းသိရသည်။ ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာရှိ ရတနာရွှေအိတ် ကျောက်မျက်ကုမ္ပဏီ၌ မေ ၁၃ ရက် မွန်းလွဲပိုင်းတွင် ယင်းကုမ္ပဏီဝန်ထမ်းယာဉ်မောင်းနှင့် ရေမဆေးရှာသူများက လုပ်အားခနှင့် အချိန်ပိုလုပ်ခတိုးတောင်းခဲ့ရာ မေ ၁၄ ရက်တွင် ညှိနှိုင်းပေးမည်ဟု ကုမ္ပဏီတာဝန်ရှိသူများကပြောဆိုခဲ့ကြောင်း၊ ထို့နောက် အလုပ်သမားတန်းလျားဆောင် လျှပ်စစ်မီးမရသည့်ကိစ္စကို အကြောင်းပြုကာ ဝန်ထမ်းအင်အား ၁ဝဝဝ ခန့်သည် ည ၇ နာရီ ခွဲခန့်တွင် ကုမ္ပဏီရုံးခန်းနှင့် အလုပ်သမားဆောင်များကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ မီးရှို့ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် အဆိုပါနေရာနှင့် တစ်ဆက်တည်းရှိ အခြားကျောက်မျက်ကုမ္ပဏီတစ်ခု၏ ဆီသိုလှောင်ကန်များအား မီးရှို့ခြင်း၊ ကျောက်ဂိုဒေါင်ကိုဖောက်ပြီး ကျောက်စိမ်းအရိုင်းတုံးများ ယူဆောင်ခြင်းများ ဆက်လက်ပြုလုပ်သဖြင့် ရဲတပ်ဖွဲ့မှ သေနတ်မိုးပေါ်ထောင်ဖောက်ကာ ခြောက်လှန့်လူစုခွဲသဖြင့် လူစုကွဲသွားခဲ့ကြောင်း ဖားကန့်မြို့နယ်၊ လုံးခင်းနယ်မြေရဲစခန်းထံမှ စုံစမ်းသိရသည်။ ယင်းနှင့်ပတ်သက်ပြီး လုံးခင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ''ညကျတော့ အလုပ်သမားအိပ်ဆောင်မှာ လျှပ်စီးမီးမရတာကို အကြောင်းပြုပြီးတော့မှ ဟိုကိစ္စနဲ့ မကျေမချမ်းဖြစ်ပြီးတော့မှ ဆူပူ သောင်းကျန်းတာပေါ့။ လက်ရှိမှာ ၅၃ ဦးကို ဖမ်းမိထားတယ်။ ကုမ္ပဏီဝန်ထမ်းလည်းပါတယ်။ အပြင်က ကျောက်ရှာတဲ့အရပ်သားတွေပါတယ်။ ပါဝင်တဲ့ နောက်လူတွေကိုတော့ ဆက်စပ်ပြီး စစ်ဆေးမှုပေါ်မူတည်ပြီး ဖမ်းသွားမှာပေါ့''ဟု ဒီမိုကရေစီတူဒေးသို့ မေ ၁၄ ရက်က ပြောသည်။


ယင်းဖြစ်စဉ်ကြောင့် ကုမ္ပဏီရုံးခန်းအပါအဝင် လူနေအိပ်ဆောင် ငါးလုံး၊ ယာဉ်လေးစီးနှင့် ဆီလှောင်တိုင်ကီခြောက်လုံး ပျက်စီးခဲ့ပြီး ကျောက်စိမ်းအရိုင်းတုံး နှစ်တန်ခန့်လည်း ပျောက်ဆုံးသွားခဲ့ကြောင်း၊ လူထိခိုက်သေဆုံးမှုမရှိကြောင်း လုံးခင်းနယ်မြေရဲစခန်းထံမှသိရသည်။ ယင်းမီးရှို့ဖျက်ဆီးခြင်းများနှင့်ပတ်သက်ပြီး ဖားကန့်မြို့နယ်၊ လုံးခင်းနယ်မြေရဲစခန်းမှ (ပ) ၇၁/ ၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၄၅၇/ ၄၃၆/၄၂၇/၃၃၆/၂၉၄/၁၁၄ ဖြင့် ကျူးလွန်သူများကို အမှုဖွင့် အရေးယူထားသည်။ 

WYHW

#democracytoday

Rate this item
(0 votes)
back to top