HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ပြည်တွင်း ငြိမ်းချမ်းရေး အပေါ် လူထုအမြင် သဘောထား ကောက်ခံသူများထဲမှ ဖမ်းဆီးခဲ့သူ နှစ်ဦးကို ရုံးထုတ် ရမန်ယူ

ပြည်တွင်း ငြိမ်းချမ်းရေး အပေါ်  လူထုအမြင် သဘောထား ကောက်ခံသူများထဲမှ ဖမ်းဆီးခဲ့သူ နှစ်ဦးကို ရုံးထုတ် ရမန်ယူ

မန္တလေး၊ မေ ၁၄

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ဒိုင်းမွန်းပလာဇာအနီးတွင် မေ ၁၂ ရက် ညနေပိုင်းက ပြည်တွင်းငြိမ်းချမ်းရေးအပေါ် လူထုအမြင်သ ဘောထား ကောက်ခံခဲ့သူများထဲမှ နှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး မေ ၁၄ ရက် မွန်းလွဲပိုင်းတွင် အောင် မြေသာစံမြို့နယ်တရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ ကိုသန်းထိုက် (ဗကသ-ဗဟို ကော်မတီဝင်ဟောင်း) နှင့် ကိုနှင်း အောင် (ဗကသအဖွဲ့ချုပ်)တို့ဖြစ် ပြီး ၎င်းတို့အနေဖြင့် တရားရုံးတွင် အာမခံမယူဘဲ တရားရုံးသပိတ်ဆင် နွှဲသွားမည်ဖြစ်ကြောင်း သိရသည်။ ''တရားရေးမဏ္ဍိုင်ကို အယုံအကြည်မရှိလို့ ကျွန်တော်တို့အ နေနဲ့ တရား ရုံးသပိတ် ဆင်နွှဲသွားမယ်။ အာမခံလည်း ယူမှာမဟုတ်ဘူး။ ကျွန်တော်တို့မှာ လွတ်လပ်စွာ ဆန္ဒပြထုတ်ဖော် ပြောဆိုခွင့်ဆိုတာ ရှိပြီးသားပါ။ ဒီအခွင့်အရေးရှိတာကို ငြိမ်းစုစီဥပဒေနဲ့ ဖမ်းတယ်။ ဖိ နှိပ်ခံရတယ်လို့ ယူဆတယ်''ဟု တရားရုံးထုတ်အပြီးတွင် ကိုသန်းထိုက်က ပြောကြားခဲ့သည်။

 

ယနေ့ရုံးထုတ်တွင် တွဲဖက်မြို့ နယ်တရားသူကြီး (၂) တရားခွင်တွင် စစ်ဆေးကြားနာခဲ့ရာ ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့မှ တရားခွင်အတွင်း သပိတ်မှောက်သည့်အ နေဖြင့် ကျောပေးကာ နှုတ်ဆိတ်နေခဲ့သောကြောင့် မေ ၁၈ နေ့တွင် ထပ်မံစစ်ဆေးရန် ရက်ချိန်းပြန်လည် ပေးအပ်ခဲ့သည်။ ကိုသန်းထိုက်နှင့်ကိုနှင်းအောင်တို့သည် မေ ၈ ရက် ညပိုင်းက ၂၆ လမ်းရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှေ့၌ တိုင်းရင်းသားဒေသများတွင် ထိုးစစ်များရပ်ဆိုင်းရေးနှင့် တိုက်ပွဲမြေအတွင်း ပိတ်မိနေသော ပြည်သူများလွှတ်ပေး ရေးအတွက် ဆီမီးထွန်းဆုတောင်းပွဲပြုလုပ်ခဲ့မှုနှင့် ပြည်တွင်းငြိမ်းချမ်း ရေးအပေါ် လူထုအမြင်သဘောထားကောက်ခံခြင်း ပြုလုပ်ခဲ့မှုတို့ ကြောင့် အောင်မြေသာစံမြို့နယ် မြို့ မရဲစခန်းမှ စခန်းမှူးဒုရဲမှူးမိုးသူမှ တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

MTK

#democracytoday

Rate this item
(0 votes)
back to top