HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မကွေးမြို့ မြို့ပတ်လမ်း အဟောင်းဘေးရှိ ကျူးကျော် နေအိမ်များ ဇွန် ၇ ရက် နောက်ဆုံးထား ရွှေ့ရမည်

မကွေးမြို့ မြို့ပတ်လမ်း အဟောင်းဘေးရှိ ကျူးကျော် နေအိမ်များ ဇွန် ၇ ရက် နောက်ဆုံးထား ရွှေ့ရမည်

မကွေး၊ မေ ၁၅

မကွေးတိုင်းဒေသကြီး မကွေးမြို့၊ အောင်ရတနာရပ်ကွက်တိုင်းဒေသကြီးကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးဘေးရှိ မြို့ပတ်လမ်းအဟောင်း လမ်းဘေးနေသည့်ကျူးကျော်နေ အိမ်များအား ဇွန် ၇ ရက်နောက် ဆုံးထားရွှေ့ခိုင်းနေသဖြင့် ကျူး ကျော်နေသူများနေစရာမရှိ၍ အခက်ကြုံနေကြရကြောင်း မေ ၁၅ ရက်နံနက်ပိုင်းတွင် ကျူးကျော်နေ ပြည်သူများက သတင်းမီဒီယာများကို ပြောကြားသည်။ 

အဆိုပါမကွေးမြို့မြို့ပတ်လမ်းအဟောင်းသည် လွန်ခဲ့သည့် နှစ် ၂ဝ ခန့်က အမှိုက်ပုံများ၊ ကန္တာရတောများနှင့်ချုံနွယ်ပိတ်ပေါင်းများရှိနေသည့်နေရာဖြစ်ပြီး ယင်း နေရာအားနေစရာမရှိသူများမှ အမှိုက်များ၊ ချုံနွယ်ပိတ်ပေါင်းများ အားရှင်းလင်း၍ နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း ၂ဝ ခန့်ရှိနေပြီး အဆိုပါနေရာ၌ ကျူးကျော်နေအိမ် ၂၇ အိမ်ရှိသည်။ ''မနေ့ကမကွေးခရိုင် အထွေ ထွေအုပ်ချုပ်ဦးစီးဌာန အစည်းအ ဝေးခန်းမမှာ အဒေါ်တို့ကျူးကျော် နေတဲ့သူတွေနဲ့ တာဝန်ရှိသူတွေ တွေ့ဆုံတယ်။ ကျူးကျော်တွေ ဇွန် ၇ ရက်အပြီးရွှေ့ရမယ်။ မရွှေ့ရင် အင်အားသုံးရွှေ့မယ်လို့ပြောတယ်။ နေရာအစားလေးပေးပါဆိုတော့လည်းမပေးနိုင်ဘူးတဲ့။ အဒေါ်တို့ ဘယ်ရွှေ့ရမှန်းမသိပါဘူး။ နေစရာ အခက်အခဲတွေ့နေပါတယ်''ဟု ကျူးကျော်နေထိုင်သူ ဒေါ်ခင်ရွှေ ကပြောသည်။


အဆိုပါကျူးကျော်အိမ် ၂၇ အိမ်နေပြည်သူများသည် ပန်းရန်လုပ်သားများ၊ ကြုံရာကျပန်းလုပ်သည့် လုပ်သားများဖြစ်ပြီး ကျူးကျော်အိမ်များမှ လူဦးရေစုစုပေါင်း ၁၅ဝ ခန့်ရှိကာ KG မှ ၁ဝ တန်းအထိ ကျောင်းသား၊ ကျောင်းသူ ၃ဝ ခန့် ရှိနေသဖြင့် ယင်းကျူးကျော်အိမ်များအား ရုတ်တရက်ရွှေ့ခိုင်းသ ဖြင့် ကျူးကျော်နေသူများ စားဝတ် နေရေးနှင့် ကျောင်းသား၊ ကျောင်းသူများကျောင်းနေရန် အခက်အခဲများကြုံတွေ့ရမည်ဖြစ်သည်။ ''ကျွန်တော်ရောက်ခါစ ၂ဝ၁၆ ခုနှစ်ကတစ်ကြိမ် အဲဒီနားကကျူး ကျော်တွေမနေဖို့ပြောတာတွေရှိတယ်။ သူတို့ကအသနားခံစာတင်တဲ့အတွက် ရှေ့ဆက်မလုပ်ဖြစ်ခဲ့ပါဘူး။ အခုကျတော့တိုင်းဒေသ ကြီးအစိုးရကနေပြီး ဌာနကအလုပ်လုပ်တော့မှာဖြစ်တဲ့အတွက် တိုင်း ဒေသကြီးကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကတင်ပြထားတယ်။ တိုင်းဒေသကြီးအစိုးရ ကဖယ်ရှားခိုင်းတဲ့အတွက် ညွှန် ကြားလာတော့ စီမံချက်နဲ့လုပ်ရတာပါ''ဟု မကွေးမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးဦးမြင့်လွင်က ပြောကြားသည်။


ကျူးကျော်အိမ်များအား မေ ၁၅ ရက်မှစတင်ကာနို့တစ်စာသုံး ကြိမ်ထုတ်မည်ဖြစ်ပြီး ဖယ်ရှားခြင်း မရှိပါက ဇွန် ၇ ရက်တွင်ဝန်ထမ်း များဖြင့်အင်အားသုံးဖယ်ရှားသွား မည်ဖြစ်သည်။

ZZ

#democracytoday

Rate this item
(0 votes)
back to top