HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မွန်ပြည်နယ် အတွင်း တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေး အတွက် ဆန္ဒ ထုတ်ဖော်

မွန်ပြည်နယ် အတွင်း တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေး အတွက် ဆန္ဒ ထုတ်ဖော်

မော်လမြိုင်၊ မေ ၁၅

မွန်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူများ တိုင်ကြားထားမှုများအား အစိုးရမှ အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် မေ ၁၅ ရက် နံနက် ၉ နာရီမှစတင်၍ မော်လမြိုင်မြို့ ဘိုကုန်းရပ် သံလွင်ဥယျာဉ်ရှေ့မှ ကမ်းနားလမ်း၊ ည ဈေးအထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို မွန်ပြည်နယ် ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဥက္ကဋ္ဌ ဦးထွန်းအေးမှ ဦးဆောင်၍ ကြွေးကြော်သံများ ကြွေးကြော်ကာ ပိုစတာများ ကိုင်ဆောင်၍ ဆန္ဒထုတ် ဖော်ကြခြင်းဖြစ်သည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို မေ ၁၄ရက်က ကျိုက်ထိုမြို့တွင် ကျင်းပခဲ့ပြီး မေ ၁၅ရက်တွင် မော် လမြိုင်မြို့တွင်လည်းကောင်း၊ မေ ၁၆ ရက်တွင် ရေးမြို့တွင်လည်း ကောင်း ဆက်လက်ကျင်းပမည် ဖြစ်သည်။


''မွန်ပြည်နယ်မှာ ကျိုက်ထိုရယ်၊ မော်လမြိုင်ရယ်၊ ရေးမြို့နယ်တွေမှာ အဓိက ဘာကြောင့်လုပ်ရလဲဆိုရင် တင်ပြတိုင်ကြားထားတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး တင်ပြတိုင်ကြားမှု အကြိမ်များစွာ လုပ်ပေမယ့် သက်ဆိုင်ရာဌာနတွေက အနောက်ကနေ့ အကာအကွယ် ပေးပြီး၊ ဘာမှမဆောင်ရွက်တဲ့ အချက်ဟာ နံပါတ်(၁)ဖြစ်ပါတယ်၊ ဘယ်လိုမှ မဆောင်ရွက်ကြတဲ့အတွက် ပိုမိုထိရောက်အောင် ဆောင်ရွက်မှု သတင်းမီဒီယာက နေတစ်ဆင့် နိုင်ငံတော်သမ္မတထိ သိရှိစေလိုတဲ့အတွက် မွန်ပြည်နယ်အတွင်း ဆောင်ရွက်ပေါ်လွင်စေလိုတဲ့အတွက် ဆောင်ရွက်ခြင်းဖြစ်ပါတယ်''ဟု အဆိုပါ ဆန္ဒထုတ် ဖော်ပွဲ ဦးဆောင်သူ ပြည်သူ့ အကျိုးပြု ကျောင်းသားများပါတီ ဥက္ကဋ္ဌ ဦးထွန်းအေးက ပြောသည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ပြည်သူ့အကျိုးပြုကျောင်းသားများ ပါတီဝင်များနှင့် နစ်နာသူပြည်သူ စုစုပေါင်း ၃ဝခန့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။


AHO

#democracytoday

Rate this item
(0 votes)
back to top