HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ရခိုင်ပြည်နယ် အတွင်းရှိ မြို တိုင်းရင်းသားများ နေထိုင်ရန် ငွေလှူဒါန်းခဲ့ကြသည့် မြောင်းမြ၊ အိမ်မဲနှင့် ဝါးခယ်မ မြို့နယ်များအား ဂုဏ်ပြု

ရခိုင်ပြည်နယ် အတွင်းရှိ မြို တိုင်းရင်းသားများ နေထိုင်ရန် ငွေလှူဒါန်းခဲ့ကြသည့် မြောင်းမြ၊ အိမ်မဲနှင့် ဝါးခယ်မ မြို့နယ်များအား ဂုဏ်ပြု

မြောင်းမြ၊ မေ ၁၅

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု ကူညီ ထောက်ပံ့ရေးနှင့် ပြန်လည်နေရာချထားမှုနှင့် အကူအညီထောက်ပံ့မှုများအတွက် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ၊ အိမ်မဲနှင့် ဝါးခယ်မ မြို့နယ်များမှ လှူဒါန်းငွေဖြင့် မောင် တောမြို့နယ်အတွင်းရှိ မြိုတိုင်းရင်းသားများနေထိုင်ရန် နေအိမ်များ ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်များဆောက်လုပ်ရန် အလှူငွေပေးအပ်ပွဲနှင့် ဂုဏ် ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို မေ ၁၅ ရက် နံနက် ၉ နာရီက မြောင်း မြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်း ပခဲ့သည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးဝင်း ဌေးက အမှာစကားပြောကြားပြီး အလှူငွေများပေးအပ်ရာ မြောင်းမြမြို့နယ်အလှူရှင်များကိုယ်စား ဦးကိုကိုနိုင်ကလည်းကောင်း၊ အိမ်မဲ မြို့နယ် အလှူရှင်များကိုယ်စား ဦးသိန်းလွင်ကလည်းကောင်း၊ ဝါးခယ်မမြို့နယ် အလှူရှင်များကိုယ်စား ဦးဇော်မင်းကလည်းကောင်း ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးက လက်ခံရယူခဲ့သည်။


''မောင်တောမြို့ကနေ ၃၃ မိုင်ဝေးပြီး ဘင်္ဂလားဒေ့ရှ်နဲ့ဆိုရင် လေးမိုင်လောက်ပဲဝေးတဲ့နေရာမှာ မြိုတိုင်းရင်းသားလူမျိုးတွေ တောင် ပေါ်မှာ တဲတစ်လုံး နှစ်လုံးနဲ့နေမယ့်အစား လမ်းမကြီးဘေးမှာ ရွာတည် ပေးပြီး ဧရာဝတီတိုင်းဒေသကြီးက အိမ် ၄၄ လုံးတာဝန်ယူပြီး ဆောက်လုပ်ပေးခဲ့တာပါ။ အဲဒီမှာ အိမ်သာ၊ ရေကန်၊ လမ်းတွေအပါအဝင် အားလုံးပြီးစီးဆောင်ရွက်ထားပြီ''ဟု ဝန်ကြီးဦးဝင်းဌေးက ပြောကြားသည်။ အဆိုပါနေအိမ်များအတွက် မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ အိမ်မဲနှင့် ဝါးခယ်မမြို့နယ်များမှ စုစုပေါင်းလှူဒါန်းသည့်ငွေ ကျပ်သိန်း ၄၅၃ဝ၂၂ဝဝ ဖြင့် မောင် တောမြို့နယ်အတွင်း မြိုတိုင်းရင်းသားများနေထိုင်ရန် နေအိမ်များ ဆောက်လုပ်လှူဒါန်းခြင်းဖြစ် ကြောင်း သိရသည်။

AM

#democracytoday

Rate this item
(0 votes)
back to top