HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မြဝတီမြို့မှ ရွှေဆိုင်များ လုံခြုံရေး ဆောင်ရွက်ထားကြရန် ရဲတပ်ဖွဲ့မှ ခေါ်ယူ အသိပေး

မြဝတီမြို့မှ ရွှေဆိုင်များ လုံခြုံရေး ဆောင်ရွက်ထားကြရန် ရဲတပ်ဖွဲ့မှ ခေါ်ယူ အသိပေး

မြဝတီ၊ ဇွန် ၁၁

ကရင်ပြည်နယ် ကောကရိတ်မြို့တွင် ရွှေဆိုင်တစ်ဆိုင်သေနတ်ဖြင့် ပစ်ခတ်အနုကြမ်းစီးခံမှုဖြစ်ပွားပြီးနောက် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှ ရွှေဆိုင်ပိုင်ရှင်များအား မြဝတီခရိုင် ရဲမှူးကြီးက ဇွန် ၁၁ ရက် မွန်းလွဲ ၂ နာရီတွင်ခေါ်ယူ၍ လုံခြုံရေး သတိရှိစေရေးအတွက် သတိပေး ပြောကြားခဲ့ကြောင်းသိရသည်။

''ဇွန် ၁ဝ ရက်က ကော့က ရိတ်မြို့က ရွှေဆိုင်တစ်ဆိုင်မှာ နေ့ခင်းကြောင်တောင် သေနတ်သမားတစ်ဦးက လုယက်မှုဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက် ပြီး မြဝတီမြို့က ရွှေဆိုင်တွေအ နေနဲ့ CCTV ကင်မရာတွေကို စနစ်တကျတပ်ဆင်ထားဖို့၊ အလန်း ပေးတဲ့ခလုတ်တွေတပ်ဆင်ထားဖို့၊ ရဲစခန်းဖုန်းနံပါတ်တွေကို ရွှေဆိုင်ပိုင်ရှင်တွေကို ပေးထားပြီး အန္တရာယ်တစ်စုံတစ်ခုကြုံတာနဲ့ ချက်ချင်းအကြောင်းကြားစေဖို့ အစရှိတာတွေကိုခေါ်ယူပြီး လုံခြုံ ရေးသတိရှိဖို့ ခေါ်ယူမှာကြားပြော ဆိုခြင်းဖြစ်ပါတယ်'' ဟု မြဝတီ ခရိုင်ရဲမှူးကြီး ဒုရဲမှူးကြီးအောင် နိုင်ထွန်းကပြောကြားသည်။ အဆိုပါခေါ်ယူတွေ့ဆုံပွဲသို့ မြဝတီမြို့မှ ရွှေဆိုင်ပိုင်ရှင် ၂ဝ ဦး တက်ရောက်ခဲ့ကြပြီး ခရိုင်ရဲတပ်ဖွဲ့ မှူးက ရွှေဆိုင်ပိုင်ရှင်များအား ရဲတပ်ဖွဲ့၏ဖုန်းနံပါတ်များ ပေး အပ်ကာလာမည့်ရက်အနည်းငယ် တွင် ရွှေဆိုင်များ လုံခြုံရေးဆောင်ရွက်ထားရှိမှုကို စစ်ဆေးသွားမည် ဖြစ်သည်။


''ကျွန်တော်တို့ကတော့ CCTV ကင်မရာကို ဆိုင်မှာတပ်ဆင်ထားပါတယ်။ အခုလိုရဲမှူးကြီးက ခေါ်ယူသတိပေးပြောကြားပြီး တာ ဝန်ရှိသူတွေရဲ့ ဖုန်းနံပါတ်တွေပေးတဲ့အတွက်လည်း ဝမ်းသာပါတယ်။ အရေးပေါ်အချက်ပေးခလုတ် တွေလည်း တပ်ဆင်သွားမှာပါ''ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။ မြဝတီမြို့တွင် လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်က ဘုရင့်နောင် ဈေးကြီးရှေ့ရှိ ရွှေဆိုင်တစ်ဆိုင်နှင့် ဗိုလ်ချုပ်လမ်းမကြီးရှိ ရွှေဆိုင်တစ်ဆိုင်တို့အား နေ့ခင်းကြောင်တောင် သေနတ်သမားများကဝင်ရောက် ပြီး သေနတ်များဖြင့်ချိန်၍ အနု ကြမ်းစီးခဲ့သော ဖြစ်စဉ်နှစ်ခုဖြစ်ခဲ့ ဖူးကြောင်း သိရသည်။


KKTM (MWD)

#democracytoday

Rate this item
(0 votes)
back to top