HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ထိုင်းနိုင်ငံနှင့် မြဝတီမြို့မှ တန်ပို တင်ဆောင်လာသည့် ကုန်တင်ယာဉ်များ မြဝတီမြို့၌ ဖမ်းဆီး

ထိုင်းနိုင်ငံနှင့် မြဝတီမြို့မှ တန်ပို တင်ဆောင်လာသည့်  ကုန်တင်ယာဉ်များ မြဝတီမြို့၌ ဖမ်းဆီး

မြဝတီ၊ ဇွန် ၁၁

မန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ မြဝတီကုန်သွယ်ရေးဇုန်သို့ ထိုင်းနိုင်ငံမှ တန်ပိုတင်ဆောင်လာသော ကုန်တင်ယာဉ်များနှင့် မြဝတီမြို့မှ တန်ပိုတင်ဆောင်သောယာဉ်များကို ဇွန် ၁ဝ ရက် ညနေ ၅ နာရီမှစတင်၍ မြဝတီယာဉ်ထိန်းတပ်ဖွဲ့စု (၇၃)မှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးအရေးယူနေကြောင်း သိရသည်။

''မြဝတီကုန်သွယ်ရေးဇုန်ကို တစ်ဖက်နိုင်ငံက ကုန်တင်ယာဉ် တွေနဲ့ ကုန်ပစ္စည်းတွေတင်ဆောင်ပို့တဲ့အခါမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုမလိုက်နာဘဲ ကုန်တွေကို တန်ပိုတင်ဆောင်ကြတဲ့အတွက် မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်စေဖို့နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိုလိုက်နာဖို့ အခုလိုဖမ်းဆီးအရေးယူမှာဖြစ် ပါတယ်။ အခုလိုတန်ပိုတင်ဆောင်တဲ့ယာဉ်တွေကို ယာဉ်/လမ်းအန္တ ရာယ်တွေ မဖြစ်ပေါ်စေရေးအတွက် ကျွန်တော်တို့ ဆက်လက်ဖမ်းဆီး အရေးယူသွားမှာပါ။ အခုလည်းတစ်ပတ်တိတိ ဖမ်းဆီးအရေးယူသွား မှာပါ''ဟု မြဝတီယာဉ်ထိန်းတပ်ဖွဲ့စု (၇၃)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး စိုးမြင့်ဦးကပြောသည်။

 

တန်ပိုတင်ဆောင်သည့်ယာဉ်များအားဖမ်းဆီး၍ မြဝတီမြို့နယ် တရားရုံးသို့ပေးပို့ကာ တရားရုံးမှဒဏ်ငွေ ကျပ် ၃ဝဝဝဝ ပေးဆောင် စေကာ ကုန်တင်ဆောင်သည့် ပစ္စည်းပိုင်ရှင်များကိုခေါ်ယူ၍ ယခုကဲ့သို့ထပ်မံမဖြစ်စေရေးအတွက်ခံဝန်ကတိပြုလက်မှတ်ရေးထိုးစေမည်ဖြစ်သည်။ ယခုကဲ့သို့စစ်ဆေးဖမ်းဆီးမှုကို ရက်သတ္တပတ်ခန့် စစ်ဆေးဖမ်း ဆီးသွားမည်ဖြစ်ပြီး ဇွန် ၁ဝ ရက်ညနေက မြဝတီချစ်ကြည်ရေးတံ တားကြီးဂိတ်ဝ၌ တန်ပိုတင်ဆောင်၍ ဖမ်းဆီးအရေးယူခဲ့သောယာဉ်များမှာ ထိုင်းနိုင်ငံမှ အလတ်စားကုန်တင်ယာဉ်လေးစီးနှင့် မြန်မာဘက်မှ အလတ်စားကုန်တင်ယာဉ် နှစ်စီးတို့ဖြစ်သည်။ ပထမဆုံးအကြိမ်ဖမ်းဆီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နှင့် ၁ဝ ရက် တို့တွင် ထိုင်းနိုင်ငံမှ စည်းကမ်းမဲ့တန်ပိုတင်ဆောင်သည့်ယာဉ် ၁၂ စီး ဖမ်းဆီးအရေးယူဖူးခဲ့ကြောင်း သိရသည်။

KKTM(MWD)

#democracytoday

Rate this item
(0 votes)
back to top