HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ရေစကြိုမြို့နယ် ဗလဘကျေးရွာရှိ မြစ်ကမ်းနား နေအိမ် ၁၅ လုံးခန့် ပြောင်းရွှေ့ရ

ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ရေစကြိုမြို့နယ် ဗလဘကျေးရွာရှိ မြစ်ကမ်းနား နေအိမ် ၁၅ လုံးခန့် ပြောင်းရွှေ့ရ

ရေစကြို၊ ဇွန် ၁၁

မကွေးတိုင်း ဒေသကြီး ရေစကြိုမြို့နယ် ဗလဘ ကျေးရွာတွင် ဇွန် ၁ ရက်မှ ဇွန် ၁ဝ ရက်အထိ ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ရေတိုက်စား၍ကမ်းပြိုမှုများကြောင့် စိုးရိမ်ရသော လူနေအိမ်ခြေ ၁၅ လုံးခန့်နှင့်ဘုန်း ကြီးကျောင်းတစ်ကျောင်း ပြောင်း ရွှေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

''ကျွန်တော်တို့ ဗလဘကျေးရွာက ၂ဝ၁၇ ခုနှစ်ကနေစတင်ပြီး ကမ်းပြိုမှုတွေဖြစ်ခဲ့တာပါ။ မနှစ်ကဆိုရင် ဧရာဝတီမြစ်ရေတိုက်စား လို့ လူနေအိမ်ခြေ ၆၇ လုံးပြောင်း ရွှေ့ခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာ နွေရာသီရောက်တဲ့အခါ ပိုက်ရေ ကာတွေချပြီး ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်''ဟု ဗလဘကျေးရွာအုပ်ချုပ် ရေးမှူးဦးမြဆောင်က ပြောသည်။ မနှစ်ကချထားသည့်ပိုက်ရေ ကာများမှာ ယခုနှစ်တွင်ပျက်စီးသွားပြီဖြစ်သဖြင့် နယုန်လဆန်းပိုင်းမှ စတင်ကာ ဧရာဝတီမြစ်ရေတက်လာ၍ ရေတိုက်စားကမ်းပြိုမှုဖြစ်ကာ ယခုဆိုလျှင်အိမ်ခြေ ၁၅ လုံးခန့်ပြောင်းရွှေ့နေရပြီး ဗလဘကျေးရွာ ဉာတိကာရုံဘုန်းတော် ကြီးကျောင်းတစ်ကျောင်းလည်း ပြောင်းရွှေ့မှုတွင် ပါဝင်ကာ အဆိုပါပြောင်းရွှေ့သူများကို ဗလဘ ကျေးရွာကုန်းမြင့်ပိုင်းမှာ ခေတ္တခဏ ပြောင်းရွှေ့ထားရကြောင်း၊ ရွှေ့ ပြောင်းအိမ်များ ပြောင်းရွှေ့ရာ တွင် ရေစကြိုမြို့နယ်အုပ်ချုပ် ရေးမှူးဦးဆောင်ကာ မြို့နယ်မီး သတ်၊ ကြက်ခြေနီ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ တပ်မတော်သားများ လာ ရောက်ကူညီပံ့ပိုးပေးကြောင်း ဒေ သခံများထံမှ သိရသည်။


''အခုလောလောဆယ်မှာ တော့ အရင်ရက်ပိုင်းကတင်ပြထားတဲ့ ဖျက်ရွှေ့အိမ် ၁ဝ လုံးအတွက် တစ်အိမ်ထောင်စုကို ကျပ် ၁ဝဝဝဝဝ နဲ့အခြားပစ္စည်းကိုးမျိုး၊ လူတစ်ဦးကို တစ်ရက်စာကျပ် ၂၃ဝ နှုန်းနဲ့ ခုနစ်ရက်စာကို လူကယ်ပြန်မှ လောလောဆယ်ကူညီထောက်ပံ့ ပေးထားပါတယ်''ဟု ဗလဘကျေး ရွာအုပ်ချုပ်ရေးမှူးကပြောသည်။ ဧရာဝတီမြစ်ရေဆက်လက်တက်လာပြီး ရေတိုက်စားမှုဆက် ဖြစ်နေသည့်အတွက် မြစ်ကမ်းနား နေအိမ်များဆက်လက်ပြောင်းရွှေ့ ရမည်ဖြစ်ကြောင်း ဗလဘကျေးရွာ အုပ်ချုပ်ရေးမှူးဦးမြဆောင်က ပြောကြားသည်။ 

ZZ

#democracytoday

Rate this item
(0 votes)
back to top