HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ကော့ကရိတ်တွင် ရွှေဆိုင်ပိုင်ရှင်ကို သေနတ်ဖြင့်ပစ်ပြီး အနုကြမ်းစီးမှု သံသယရှိသူကို ဖမ်းမိ

ကော့ကရိတ်တွင် ရွှေဆိုင်ပိုင်ရှင်ကို သေနတ်ဖြင့်ပစ်ပြီး အနုကြမ်းစီးမှု သံသယရှိသူကို ဖမ်းမိ

ရန်ကုန်၊ ဇွန် ၁၂

ကော့ကရိတ်မြို့တွင် နေ့ခင်းကြောင်တောင် ရွှေဆိုင်ပိုင်ရှင်ကို သေနတ်ဖြင့်ပစ်ပြီး အနုကြမ်းစီးသွားသူဟု သံသယရှိသူကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ သတင်းအရ အမှုမှကျူးလွန်သူဟု သံသယရှိသူ ကော့ကရိတ်မြို့နယ် ဆိပ်ဖူးကုန်းကျေးရွာနေ အောင်ကျင်သိန်း (ခ) ဆိပ်ဖူးကုန်း (၃၁)နှစ်ကို ကော့ကရိတ်မြို့ နယ် ကျုံဒိုးမြို့ ကော့ကမာကျေးရွာရှိ ၎င်း၏ဦးလေးတော်စပ်သူနေအိမ်တွင် တိမ်းရှောင်နေစဉ် ဇွန် ၁၂ ရက် နေ့လယ်ပိုင်းက ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်း မြဝတီ- ကော့ကရိတ်ကားလမ်းဟောင်းဘေး မြို့မဘုန်းကြီးစာသင်ကျောင်းတိုက်ရှေ့ ရှိ ဖြူစင်သန့်ရွှေဆိုင်သို့ ဇွန် ၁ဝ ရက် မွန်းလွဲပိုင်းက မိုးကာအင်္ကျီအဝါရောင် ဝတ်ဆင်ပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းထားကာ မျက်နှာပေါ် Mask တပ်ထားသူ အမည်မသိအမျိုးသားတစ်ဦး ဆိုင်ကယ် ဖြင့်ရောက်လာပြီး ဆိုင်အတွင်းဝင်လာကာ ရွှေဆိုင်ပိုင်ရှင် ဒေါ်ချိုချိုအေး (၅၅) နှစ်ကို အသင့်ပါလာသည့်သေနတ် ဖြင့် တစ်ချက်ပစ်ခတ်ခဲ့ရာ ဆိုင်ရှင်၏ ရင်ညွန့်တည့်တည့်တွင် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်ရရှိပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်း၊ ဆိုင်ရှင်ဒေါ်ချိုချိုမှာ အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူလျက်ရှိသည်။


သံသယရှိသူကို ခြောက်လုံးပြူး သေနတ်တစ်လက်၊ ယင်းကျည် ၈၅ တောင့်၊ ကျည်ခွံတစ်ခု၊ အနက်ရောင် ဂျင်းဘောင်း ဘီတစ်ထည်၊ အဝါရောင်မိုးကာအင်္ကျီတစ်ထည်၊ အနက်ရောင်ခေါင်းစွပ်တစ်လုံးနှင့် အရိုးအသွား တစ်ပေခန့်ရှိ ဓားမြှောင်တစ်ချောင်းတို့နှင့်အတူ ဖမ်းမိခဲ့ကြောင်း ကော့ကရိတ်မြို့မရဲစခန်းထံမှ သိရသည်။  ကော့ကရိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ''ဖမ်းမိပါပြီ။ ကျုံဒိုးမှာပါ။ လက်ရှိမှာရမန်ယူပြီး စစ်ဆေးနေပါတယ်'' ဟု ဇွန် ၁၂ ရက်က ပြောသည်။ ရွှေဆိုင်မှ ရွှေထည်ပစ္စည်းများမပါသွားကြောင်းသိရသည်။ ယင်းရွှေဆိုင် အနုကြမ်းစီး သေနတ်ပစ်ခတ်မှုနှင့်ပတ်သက်ပြီး ကော့ကရိတ်မြို့မရဲစခန်းမှ (ပ) ၂၆၃/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၉၄ ဖြင့် အမှုဖွင့်အရေးယူထားသည်။


WYHW

#democracytoday

Rate this item
(0 votes)
back to top