HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

အိမ်ပေါ်မှ ဆင်းသွားသည့် ဇနီးကို ပြန်ခေါ်စဉ် တားမြစ်သော မရီးကို ဓားဖြင့် ထိုးသတ်

အိမ်ပေါ်မှ ဆင်းသွားသည့် ဇနီးကို ပြန်ခေါ်စဉ် တားမြစ်သော မရီးကို ဓားဖြင့် ထိုးသတ်

ကျောက်မဲ၊ ဇွန် ၁၂

အိမ်ပေါ်မှဆင်း သွားသည့်ဇနီးကို သွားရောက်ခေါ် ဆောင်စဉ် မရီးနှင့်စကားများရာမှ ဓားဖြင့်ထိုးသတ်မှု ကျောက်မဲမြို့ တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ ရပ်ကွက်(၇) နယ် မြေ(၆) အောင်ဆန်းလမ်းပေါ်ရှိ ဒေါ်တာ၏ထမင်းဆိုင်သို့ ဇွန် ၁၁ ရက် ညပိုင်းက ကျောက်မဲမြို့ ရပ်ကွက်(၇) နယ်မြေ(၁)နေ သမက် ဖြစ်သူ ယာဉ်မောင်း ဝေယံ(ခ) ရီဝေယံ(၂၂)နှစ်နှင့် တစ်ရပ်ကွက်တည်းနေ ယာဉ်နောက်လိုက် သက် ဝေစိုး(ခ)ပြည့်ဖြိုးသူ(၂၂)နှစ်တို့ ဆိုင်ထဲသို့ရောက်လာပြီး ဝေယံ(ခ)ရီဝေယံ က ၎င်း၏ဇနီး မမွှန်မွှန်(ခ) ခိုင်ရည်မွန်(၂၅)နှစ်အား လာရောက် ခေါ်ဆောင်ရာဆိုင်အတွင်းရှိ ဇနီး၏ အစ်မဖြစ်သူ မစန်းကျော့ခိုင် (၂၈) နှစ်က ဆိုင်မှ မောင်းထုတ်သဖြင့် စကားများ ရန်ဖြစ်ခဲ့ရာ ဝေယံ(ခ) ရီဝေယံက အသင့်ပါလာသည့်ဓားဖြင့် မစန်းကျော့ခိုင်အား ထိုးခဲ့ကြောင်း၊ ထို့အပြင် ဆိုင်တွင်လာရောက်ကူညီ နေသည့် ကျောက်မဲမြို့ ရပ်ကွက်(၂) နေ ကျော်ဇင်ထွန်း(ခ)ဖိုးလုံး(၂၅) နှစ်က ဝင်ရောက်တားမြစ်သည်ကိုလည်း ဝေယံပါနှစ်ဦးက ဝိုင်းဝန်းရိုက်နှက်ပြီး ဓားဖြင့်ထိုးခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းထံမှ သိရသည်။

 

ဇနီးဖြစ်သူ မမွှန်မွှန်(ခ)ခိုင်ရည် မွန်မှာ လင်မယားစကားများပြီး နောက် မိဘနေအိမ်တွင် လာရောက် နေထိုင်နေခြင်းဖြစ်သည်။ ဓားဖြင့်ထိုးခံရသူ မစန်းကျော့ခိုင်တွင်လည်ပင်းရှေ့ဘက် ထိုးသွင်းဒဏ်ရာရရှိပြီး ဆေးရုံသို့ပို့ ဆောင်စဉ် သေဆုံးခဲ့ကြောင်း၊ ကျော်ဇင်ထွန်း(ခ)ဖိုးလုံးတွင် ယာဘက်မျက်လုံးအောက် ပေါက်ပြဲဖူးရောင် ဒဏ်ရာနှင့် ဝဲလက်မောင်းရင်းတွင် ပေါက်ပြဲဒဏ်ရာရရှိပြီး ကျောက်မဲ ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ကုသမှုခံယူနေကြောင်း ကျောက်မဲမြို့မရဲစခန်းထံမှ သိရသည်။ ယင်းအမှုမှ ကျူးလွန်သူဟု သံသယရှိသူ ဝေယံ(ခ)ရီဝေယံပါ နှစ်ဦးကို အခင်းဖြစ်နေရာတွင် ဇွန် ၁၁ ရက်၊ ည ၁၁ နာရီခွဲကျော်က ဖမ်းမိခဲ့ကြောင်း ကျောက်မဲမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဟန်ဝင်းလှိုင်က ပြောသည်။


''ဝေယံက အမျိုးသမီးကို သွား ခေါ်တာပေါ့။ အမျိုးသမီးက မလိုက် တော့ စကားများကြတာပေါ့။ သေဆုံးတဲ့အမျိုးသမီးကနေ ထွက်ပြီး တော့ မလာဖို့ နောက်မှအေးဆေးလာဖို့ အကျိုးအကြောင်းပြောတာ ပေါ့။ အဲလိုပြောရင်းနဲ့ သေဆုံးတဲ့လူက ခုံနဲ့လှမ်းရိုက်လိုက်တယ် ပြောတယ်။ အဲ့မှာစကားများရန် ဖြစ်ရာကနေ ဝေယံက ဓားနဲ့ထိုးလိုက်တာပေါ့။ သေဆုံးတဲ့သူက သူရဲ့မရီး။ နောက်တစ်ယောက်က သွားပြီးတော့ဖျန်ဖြေမယ်လုပ်တဲ့အချိန်မှာ သေဆုံးသူကလဲနေ ပြီဆိုတော့ သွားထူတာ အဲ့တာသူ့ကိုပါ လက်မောင်းကို ဓားနဲ့ထိုးလိုက်တာ။ လက်မောင်းတော့ တော်တော်ထိသွားတယ်''ဟု ၎င်းက ဒီမိုကရေစီတူဒေးသို့ ဆက်လက် ပြောသည်။ ယင်းလူသတ်မှုနှင့်ပတ်သက်ပြီး ကျောက်မဲမြို့မရဲစခန်းမှ (ပ) ၂၃၅/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃ဝ၂/၃၂၆/၁၁၄ (လူ သတ်မှု/အပြင်းအထန်နာကျင် စေမှု/အား ပေးကူညီမှု)ဖြင့် ဝေယံ(ခ)ရီဝေယံပါ နှစ်ဦးကို အမှုဖွင့်အရေးယူထားသည်။


WYHW

#democracytoday

Rate this item
(0 votes)
back to top