HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မြဝတီ-ကော့ကရိတ်တောင်ပေါ်လမ်းတွင် မြေပြိုကျမှုဖြစ်ပေါ်ခဲ့မှုကြောင့် ယာဉ်များပိတ်ဆို့ကာ လမ်းလွှဲမှသွားရန် စီစဉ်ပေးခဲ့ရ

မြဝတီ-ကော့ကရိတ်တောင်ပေါ်လမ်းတွင် မြေပြိုကျမှုဖြစ်ပေါ်ခဲ့မှုကြောင့် ယာဉ်များပိတ်ဆို့ကာ လမ်းလွှဲမှသွားရန် စီစဉ်ပေးခဲ့ရ

မြဝတီ၊ ဇူလိုင် ၉-ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်တောင်ပေါ် ကားလမ်းတွင် တောင်ပြိုကျမှုများ ဖြစ်ပွားခဲ့သောကြောင့် ခရီးသွား နှင့် ကုန်တင်ယာဉ်များ အချိန်ကြာ မြင့်စွာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး လမ်းလွှဲမှ ယာဉ်များသွားရန် စီစဉ်နှင့် ခွင့်ပြုပေးခဲ့ကြရကြောင်း သိရသည်။

''ဖြစ်တဲ့အချိန်က နံနက် ၂ နာရီလောက်နဲ့ နံနက် ၁၁ နာရီ လောက်မှာ ဖြစ်တာလို့ သိရတယ်။ လူနဲ့ယာဉ်တွေ ထိခိုက်ပျက်စီးမှု မရှိပါဘူး။ အခုလောလောဆယ် မှာတော့ ရှင်းလင်းဆောင်ရွက်ပေး နေပါတယ်။ ကျွန်တော်တို့ လမ်း ဦးစီးဌာနကိုလည်း အကြောင်း ကြားထားတဲ့အတွက် မကြာခင် ဘက်ဟိုးတစ်စီးရောက်လာတော့ မှာပါ။ မြဝတီလူမှုကယ်ဆယ်ရေး အဖွဲ့ကလည်း အင်အား ၈ဝ ခန့် လာရောက်ကူညီပေးမှာဖြစ်ပါ တယ်။ မြေပြိုတဲ့ထုကများတော့ လူအားနဲ့မနိုင်ပါဘူး။ စက်အားနဲ့ ပါ ရှင်းလင်းရမှာဖြစ်ပါတယ်။ ဒီ နေ့တော့ ဒီလမ်းက သွားလို့ အဆင် မပြေနိုင်တော့လို့ လမ်းလွှဲကနေ သွားဖို့ခွင့်ပြုလိုက်ရတယ်''ဟု ကော့ ကရိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ပြောကြားသည်။

ဖြစ်စဉ်မှာ မြဝတီ-ကော့ကရိတ် တောင်ပေါ်လမ်း(အမြန်လမ်းမ ကြီး)ကီလိုမီတာ ၁၅၅နှင့် ၁၅၄ ကြား ကော့ကရိတ်အပိုင် နတ်စင် ကွေ့နေရာ၌ ဇူလိုင် ၉ ရက် နံနက် ၂ နာရီတွင် တစ်ကြိမ်၊ နံနက် ၁၁ နာရီခန့်တွင် တစ်ကြိမ် တောင်ပြို ကျမှုဖြစ်ပွားခဲ့မှုကြောင့် နံနက် ၆ နာရီတွင် မြဝတီမြို့မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့် ဇင်အောင်၊ ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာအေး၊ ကော့ကရိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး လင်းလင်းအောင်တို့သည် တာဝန် ရှိသူများနှင့်အတူ အခင်းဖြစ်ရာ နေရာသို့ သွားရောက်ခဲ့ကြပြီး ကြည့်ရှုစစ်ဆေးသည်။

''ကျွန်မတို့ကားရောက်နေတာ နံနက် ၅ နာရီကတည်းကပါ။ အခု လူအားနဲ့ ရှင်းလင်းဖယ်ရှားနေကြ ပေမယ့် မြေပြိုတာကများတာကြောင့် အနည်းဆုံး မွန်းတည့် ၁၂ နာရီ လောက်ထိ ရှင်းရမယ်ထင်ပါတယ်။ ကားတွေတော့ ဟိုဘက်ဒီဘက်ရပ် ထားရသလို ဆိုင်ကယ်တွေပါသွား မရဘူးဖြစ်နေတယ်။ နံနက်စာထမင်း တောင် ငတ်မယ့်သဘောဖြစ်နေ တယ်''ဟု မော်လမြိုင်သွားမည့် ခရီးသည်တစ်ဦးက ပြောသည်။

မြေပြိုကျသည့်နေရာသို့ ကော့ကရိတ်မြို့နယ်မှ မီးသတ်တပ် ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မြဝတီ မြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် များနှင့် လမ်းဦးစီးဌာနမှ ဘက် ဟိုးယာဉ်များဖြင့် ရှင်းလင်းပေးခဲ့ ရသည်။

Rate this item
(0 votes)
MSK

back to top