HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မယ်ဆိုင်ဂူမှ ကလေးများကယ်ထုတ်ရေးအတွက် ထိုင်းနိုင် ငံမှ အကူအညီတောင်းခံမှုကြောင့် မြန်မာဘက်မှ ရှာဖွေမှုငါးကြိမ်ဆောင်ရွက်ပေးခဲ့

မယ်ဆိုင်ဂူမှ ကလေးများကယ်ထုတ်ရေးအတွက် ထိုင်းနိုင် ငံမှ အကူအညီတောင်းခံမှုကြောင့် မြန်မာဘက်မှ ရှာဖွေမှုငါးကြိမ်ဆောင်ရွက်ပေးခဲ့

တာချီလိတ်၊ ဇူလိုင် ၉- မြန်မာ- ထိုင်းနယ်စပ်ဒေသ ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသည့် ကလေးငယ် ၁၂ ဦးနှင့် ဘောလုံး နည်းပြတစ်ဦးတို့ကို ကယ်ထုတ်ရန် လမ်းကြောင်းရှာဖွေပေးရေးအ တွက် မြန်မာဘက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် အတွင်း အဆိုပါဂူနှင့် ဆက်စပ် သည့် ထွက်ပေါက်ရှိနိုင်သဖြင့် ရှာ ဖွေပေးရန် ထိုင်းနိုင်ငံက အကူအ ညီတောင်းခံမှုကြောင့် ကလေးများ ကယ်ထုတ်သည့်ရက်အထိ မြန်မာ ဘက်ကရှာဖွေမှု ငါးကြိမ်လုပ် ဆောင်ပေးခဲ့ကြောင်း သိရသည်။

မယ်ဆိုင်ဂူအတွင်းမှ လူငယ် ၁၃ ဦးအား ၁ဝ ရက်မြောက်နေ့ ဖြစ်သည့် ဇူလိုင် ၂ ရက် ညပိုင်း တွင် ရှာဖွေတွေ့ရှိခဲ့သော်လည်း ဇူလိုင် ၇ ရက်အထိ ၄င်းတို့အား ခေါ်ထုတ်ရန် ခက်ခဲနေသည့်အ တွက် ကယ်ထုတ်နိုင်ရန် နည်းလမ်း များရှာဖွေရာတွင် မြန်မာနိုင်ငံဘက် ခြမ်းတွင် အဆိုပါဂူနှင့်ဆက်စပ် နေသည့် ဂူ၏ထွက်ပေါက်များရှိ နိုင်သည်ဟု ယူဆသဖြင့် မြန်မာ ဘက်ခြမ်းမှ ကူညီရှာဖွေပေးရန် ထိုင်းနိုင်ငံဘက်မှ အကူအညီတောင်း ခံလာခြင်းဖြစ်သည်။

''သူတို့ဘက်က ကလေးတွေ ကယ်ထုတ်ဖို့ လမ်းကြောင်းရှာချင်တဲ့အတွက် တာချီလိတ်ဘက်မှာ ဂူရဲ့ထွက်ပေါက်ရှိနိုင်တယ်လို့ ပြော လာတဲ့နေရာဘက်တွေကို ရှာကြည့် ပေးဖို့ အကူအညီတောင်းလာတဲ့အတွက် ရှာပေးပါတယ်။ သူတို့ ပြောလာတဲ့နေရာတွေမှာ ရှာဖွေ ပေးသလို ဒီဒေသက ဒေသကျွမ်း ကျင်သူတွေ၊ နယ်မြေအကြောင်း သိတဲ့လူကြီးတွေနဲ့ ရှာဖွေရေးအဖွဲ့ တွေ ပူးပေါင်းပြီး ရှာဖွေပေးခဲ့ပါ တယ်''ဟု တာချီလိတ်ခရိုင်စီမံခန့် ခွဲမှုကော်မတီဥက္ကဋ္ဌ၊ တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်က ပြောသည်။

တာချီလိတ်မြို့တွင် ဇွန် ၂၈ ရက်က ပုန်းထွန်ရပ်ကွက်အတွင်း ရှိ ငွေစေတီကုန်းတွင်လည်းကောင်း၊ ဇွန် ၂၉ ရက်က ပုန်းထွန်ရပ်ကွက် အတွင်းမှ သီရိရတနာဂူတွင်လည်း ကောင်း၊ ဇွန် ၃ဝ ရက်က ငွေတောင် ဦးကမ္မဋ္ဌာန်းကျောင်းတိုက်ရှေ့ရှိ ဂူတွင်လည်းကောင်း၊ ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့တွင် လွယ်တော် ခမ်းကျေးရွာအုပ်စုအတွင်း ကူညီ ရှာဖွေမှုများလုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာဘက်မှ ရှာဖွေမှုများ ကို မြန်မာ့တပ်မတော်မှ နယ်မြေ ခံတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ အ လင်းရောင်ပရဟိတအသင်းနှင့် လွယ်တော်ခမ်းကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးရုံးအဖွဲ့အပါအဝင် နယ်မြေကျွမ်းကျင်သည့် ကျေးရွာ နေပြည်သူများဖြင့် ပူးပေါင်းပါဝင် ပြီး တာချီလိတ်မြို့နယ် လွယ်တော် ခမ်းကျေးရွာအုပ်စုအတွင်းရှိ အာ ဒီးရွာ၊ နာကျဲရွာ၊ ဗာလရွာနှင့်ပါခါး ရွာလေးရွာနယ်နိမိတ်တစ်လျှောက် ရှာဖွေခဲ့ကြခြင်းဖြစ်သည်။

ကိုဇောင်း(Tarchileik News Agency)

Rate this item
(0 votes)
MSK

back to top