HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

၆၃ နှစ်ကြာ သင်ကြားခဲ့သော အလယ်တန်းကျောင်းခွဲကို အခြားရွာသို့ မပြောင်းရွှေ့ရေး ကျောင်းသားမိဘများ မုံရွာတွင် ဆန္ဒထုတ်ဖော်

၆၃ နှစ်ကြာ သင်ကြားခဲ့သော အလယ်တန်းကျောင်းခွဲကို အခြားရွာသို့ မပြောင်းရွှေ့ရေး ကျောင်းသားမိဘများ မုံရွာတွင် ဆန္ဒထုတ်ဖော်

စစ်ကိုင်း၊ ဇူလိုင် ၉-စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ဆင်ရောက်ကုန်းကျေးရွာတွင် ၆၃ နှစ်ကြာ ပညာသင်ကြားခဲ့သော အခြေခံပညာအလယ်တန်း ကျောင်းခွဲ အား အခြားရွာသို့ မပြောင်းရွှေ့ရေးအတွက် ဒေသခံကျောင်း သားမိဘ ၁၂ဝ ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး စိုက်ရာ မုံရွာမြို့သို့ ဇူလိုင် ၉ ရက်တွင် လာရောက်ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။

ဆင်ရောက်ကုန်းရွာရှိ စာသင်ကျောင်းကို ရွာချင်းကပ် လျက်ချောင်းခြားသည့် အုပ်စုရွာဖြစ်သော တနယ်ရွာရှိ အလယ် တန်းကျောင်းခွဲ ကျောင်းဆောင်သစ်သို့ ပြောင်းရွှေ့သင်ကြား ရန် စစ်ကိုင်းတိုင်းပညာရေးမှူးရုံးမှ ဇွန်လ ၂၆ ရက်တွင် အ ကြောင်းကြားစာပေးပို့ခဲ့ခြင်းကြောင့် ဇူလိုင် ၂ ရက်ကလည်း ဒီပဲယင်းမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်ခဲ့ပြီး အကြောင်းမထူးသ ဖြင့် မုံရွာမြို့အထိ လာရောက်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ဆင်ရောက်ကုန်းရွာ အလယ်တန်းကျောင်းခွဲမှ ကျောင်း သူကျောင်းသားများ တနယ်ရွာရှိ အလယ်တန်းကျောင်းခွဲသို့ ပြောင်းရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်စီမံ ခန့်ခွဲမှု ကော်မတီများ၊ ပညာရေးဌာနတို့က ပြည်သူများနှင့် ကွင်းဆင်းညှိနှိုင်း၍ စိစစ်တွေ့ရှိတင်ပြချက်များကို စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ ကတ်ဘိနက်အစည်းအဝေးအမှတ်စဉ် (၁၁/ ၂ဝ၁၈) ဆုံးဖြတ်ချက် ၇၇ အရ ပြောင်းရွှေ့သင်ကြားရန် တိုင်း ပညာရေးမှူးမှ စာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တနယ်ရွာဘက်သို့ ပြောင်းရွှေ့ရန် ဒေသခံများနှင့် အကြိမ် ကြိမ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွန် ကြားရေးမှူး ဦးစိန်မောင်ညွှန့်က ပြောသည်။

KTS

Rate this item
(0 votes)
back to top