HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မကွေးမြို့၏ အဓိက အရေးပါသည့် မြင်ကင်း လမ်းမကြီးကို ကျပ်သိန်း ၄ဝဝဝ အသုံးပြု၍ အဆင့်မြှင့်တင်မည်

မကွေးမြို့၏ အဓိက အရေးပါသည့် မြင်ကင်း လမ်းမကြီးကို ကျပ်သိန်း ၄ဝဝဝ အသုံးပြု၍ အဆင့်မြှင့်တင်မည်

မကွေး၊ ဇူလိုင် ၁ဝ

မကွေးတိုင်း ဒေသကြီး မကွေးမြို့၏ အရေးပါဆုံးလမ်းမကြီးများအတွင်းမှ တစ်ခုအပါအဝင်ဖြစ်သည့် မြင်ကင်းလမ်းမကြီးအား ကျပ်သိန်း ၄ဝဝဝ အသုံးပြု၍ အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

မကွေးမြို့ တောင်ဘက်ခြမ်း ရှိမြင်ကင်းလမ်းမကြီးမှာ အဓိကဆက်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်နေပြီး ကျောင်းသား ကျောင်းသူများ၊ ဈေးရောင်းဈေးဝယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဆေးဝါးကုသလိုသူများအားထား အသုံးပြုနေရသည့်အပြင် အောင် စေတနာရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်၊ မြင်ကင်းနှင့် ချောင်းဖြူ ကျေးရွာနေပြည်သူများ နေ့စဉ် ဈေးရောင်းဈေးဝယ်သွားလာနေသည့် လမ်းကြီးဖြစ်သည်။ ''မြင်ကင်းလမ်းမကြီးက ချိုင့်ခွက်တွေနဲ့ သွားရေးလာရေးတော် တော်ဆိုးပါတယ်။ မြင်ကင်းလမ်းဟာ မကွေးမြို့ရဲ့အရေးပါတဲ့ လမ်းမကြီးတစ်ခုထဲမှာပါတယ်။ မဖြစ်မနေတည်ဆောက်အဆင့် မြှင့်တင်ရမယ့် အစိတ်အပိုင်းတစ်ခု ဖြစ်နေပါတယ်။ အဲဒီအတွက် ကြောင့်အမြန်ဆုံးပြင်နိုင်ဖို့ တင်ဒါ ခေါ်နေပါပြီ''ဟု မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးဖိုးနီက ပြောဆိုသည်။


အဆိုပါ လမ်းပြုပြင်ရာတွင် တောင်တွင်းကြီးလမ်းထိပ်မှ မြင်ကင်းကျေးရွာအဝင် မကျီးနှစ်ပင်အထိ ၁၈ ပေ အကျယ်၊ ကိုးလက်မထု ကတ္တရာခင်းခြင်း၊ မကျီးနှစ်ပင်မှ အရှေ့ဘက်ရုံးပေါင်းစုံသွားသည့်လမ်းအထိ ကွန်ကရစ်လမ်း ခင်းခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။ ယခုအခါ အဆိုပါလမ်းတွင် ကတ္တရာလမ်းသားကျဉ်းမြောင်း မှုများရှိနေရုံသာမက လမ်းပျက် စီးမှုအချို့လည်းရှိနေပြီး တိုင်းဒေသကြီးအစိုးရ၏ ဘတ်ဂျက်ငွေ ကျပ်သိန်း ၄ဝဝဝ အသုံးပြုဆောင် ရွက်မည်ဖြစ်ကာ ခေါ်ယူထားသည့် တင်ဒါလျှောက်လွှာများကို စိစစ်ပြီးပါက လုပ်ကိုင်ခွင့်ရမည့် ကုမ္ပဏီကို ရွေးချယ်သွားမည်ဖြစ် ကြောင်း မကွေးမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ သိရသည်။


ZZ

#democracytoday

Rate this item
(0 votes)
back to top