HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မန္တလေးမြို့၌ ကျင်းပမည့် (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အာဇာနည် ဗိမာန်ပုံစံတူ တည်ဆောက်၍ ယခင်နှစ်များနှင့် မတူ ထူးခြားစွာ ကျင်းပမည်

မန္တလေးမြို့၌ ကျင်းပမည့် (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အာဇာနည် ဗိမာန်ပုံစံတူ တည်ဆောက်၍ ယခင်နှစ်များနှင့် မတူ ထူးခြားစွာ ကျင်းပမည်

မန္တလေး၊ ဇူလိုင် ၁ဝ

မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့အစီအစဉ် ဖြင့် ကျင်းပမည့် (၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအဆင့်မြင့် အားကစားကွင်းအတွင်း ကျင်းပရာတွင် ယခင်နှစ်များနှင့်မတူဘဲ ထူးခြားမှုအဖြစ် အာဇာနည်ဗိမာန်ပုံစံတူတည်ဆောက်၍ လွမ်း သူ့ပန်းခွေများချအလေးပြုကြမည် ဖြစ်ကြောင်း သိရသည်။

''(၇၁)ကြိမ်မြောက်အခမ်းအနားမှာတော့ ထူးထူးခြားခြားဖြစ်အောင် ရန်ကုန်မြို့မှာရှိတဲ့ အာဇာနည်ဗိမာန် ပုံစံအတိုင်း ပုံစံတူကို ဆောက်လုပ်သွားမှာဖြစ်သလို အာဇာနည်ခေါင်း ဆောင်ကြီးတွေရဲ့ သမိုင်းမှတ်တမ်း အချက်အလက်တွေ ပါဝင်မယ့် ဓာတ်ပုံပြပွဲကို ပြည်သူလူထုကြည့်ရှုနိုင်အောင် စီစဉ်ပေးသွားပါ မယ်။ ရှားပါးဓာတ်ပုံမှတ်တမ်းတွေ စုဆောင်းထားရှိတဲ့သူတွေ ဝင် ရောက်ပြသနိုင်မှာဖြစ်ပြီး ပြပွဲလာ ကလေးတွေအနေနဲ့လည်း ဗိုလ်ချုပ်ရဲ့ အရွယ်အစားအတိုင်း ဖန်တီးထားတဲ့ပုံတွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်နိုင်အောင် စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။ အခု ခေတ်စားနေတဲ့ ဂရပ်ဖစ်ပုံတွေဆွဲပေးမယ့် ပညာရှင်တွေကိုပါ ဖိတ်ခေါ်ထားသလို အကြိုလှုပ်ရှားမှုအဖြစ် ပညာရေးဌာနများရဲ့ အစီအစဉ်နဲ့ အခြေခံ ပညာကျောင်းတွေမှာ အာဇာနည် နေ့အကြောင်း ဟောပြောပွဲတို့၊ စာစီစာကုံးပြိုင်ပွဲတို့ကို ကျင်းပနေ ကြပါတယ်။ Community Centre တွေမှာလည်း ဟောပြောပွဲတွေကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဇူလိုင် ၁၈ ရက်မှာလည်း မန္တလေး မြို့တော်ခန်းမမှာ အာဇာနည်နေ့နဲ့နွှယ်တဲ့ စကားဝိုင်းမှသည် ငြိမ်းချမ်းရေးရပ်ဝန်းဆီသို့ ခေါင်းစဉ်နဲ့ လူထုစကားဝိုင်းကို ဆွေးနွေးဖော် ဆောင်သွားမှာပါ''ဟု မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ဝေဝေဖြိုးက ဇူလိုင် ၉ ရက်တွင် ဒီမိုကရေစီ တူဒေးသို့ ပြောသည်။

 

(၇၁)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပမည့် မန္တလာသီရိအားကစားကွင်းသို့ ပြည်သူလူထုဦးရေ ၈ဝဝဝ ဝန်းကျင်တက်ရောက်မည်ဖြစ်ပြီး အခမ်းအနားမစတင်မီ နံနက်ပိုင်းတွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က သံဃာတော်များအားဆွမ်းဆက် ကပ်လှူဒါန်းခြင်းနှင့် အမျှပေးဝေ ခြင်းတို့ကို ပြုလုပ်ကြမည်ဖြစ် ကြောင်းသိရသည်။

KSA

#democracytoday

Rate this item
(0 votes)
back to top