HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မန္တလေးမြို့တွင် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပန်းချီ၊ ပန်းပု မျိုးဆက်သစ်များ၏ အနုပညာ ဖန်တီးမှုများ ပြသ

မန္တလေးမြို့တွင် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပန်းချီ၊ ပန်းပု မျိုးဆက်သစ်များ၏ အနုပညာ ဖန်တီးမှုများ ပြသ

မန္တလေး၊ ဇူလိုင် ၁ဝ

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၏ (၁၄) ကြိမ်မြောက် ပန်းချီ၊ ပန်းပုမျိုးဆက်သစ် အနုပညာပြပွဲကို ဇူလိုင် ၁ဝ ရက် နံနက် ၉ နာရီခွဲက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် (၂၄)လမ်းနှင့် လမ်း (၈ဝ) ထောင့်ရှိ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက် (မန္တလေး)တွင် ကျင်းပခဲ့ကြောင်းသိရသည်။

''၂ဝဝ၁ ခုနှစ်ကစတင်ပြီး ကျင်းပခဲ့တာပါ။ ကျောင်းသားဘဝကတည်းက အစပျိုးကျင်းပခဲ့တာ။ အခုဆိုရင် (၁၄) ကြိမ်မြောက် ကျင်းပတာပါ။ ပန်းချီ၊ ပန်းပုဌာနမှ ပထမနှစ်ကနေ နောက်ဆုံးနှစ်ထိ သူတို့သင်ကြားလေ့လာနေတဲ့ ပညာရပ်တွေ ဘယ်အဆင့်ရောက်ပြီလဲဆိုတာ သိစေချင်တာရယ်၊ မြို့ခံ ပရိသတ်နဲ့ ထိတွေ့ဖူးအောင်ရယ်၊ ပြပွဲအတွေ့အကြုံရအောင်ရယ် ဒီပွဲကို ကျင်းပဖြစ်တာပါ''ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပန်းချီပညာဌာန နည်းပြ ဦးဌေးလွင်ဦးက ပြောသည်။ ယခုပြပွဲတွင် ပန်းချီနှင့် ပန်းပုဌာနမှ ကျောင်းသား၊ ကျောင်းသူ ၁ဝဝ ကျော်က ပန်းချီကား ၇ဝ ကျော်နှင့် ပန်းပုရုပ် ၂၇ ရုပ် ပြသထားသည်။


''အနုပညာကို ဝါသနာပါလို့ပါ။ အနုပညာထဲမှာ ပန်းချီကို ဝါသနာပါလို့ ပန်းချီဌာနမှာ တက် ရောက်ပညာသင်ယူနေတာပါ။ ပန်းချီဌာနမှ အသေးစိတ်စနစ်တကျ သင်ယူခဲ့ရတာတွေနဲ့ရေးဆွဲပြီး ပြသဖြစ်တာပါ။ ရေဆေးရယ်၊ အခရိုင်းလစ်ရယ်ပေါင်းပြီး ရှုခင်းပုံရေးဆွဲပြသထားပါတယ်။ ပန်းချီပညာနဲ့ပဲ ရှေ့ဆက်လျှောက်လှမ်းသွားမှာပါ''ဟု ပန်းချီဌာန နောက်ဆုံး နှစ်ကျောင်းသူ မဇင်မိုးထက်က ပြောသည်။ ပန်းချီ၊ ပန်းပုမျိုးဆက်သစ်များ၏ အနုပညာဖန်တီးမှုများ ပြပွဲကို ဇူလိုင် ၁ဝ ရက်မှ ၁၄ ရက်ထိ နေ့စဉ် နံနက် ၉ နာရီခွဲမှ ည နေ ၄ နာရီခွဲထိ ပြသမည်ဖြစ်ရာ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။

AXE

#democracytoday

Rate this item
(0 votes)
back to top